MIYF Myanmar Islamic Youth Foundation ၏ သောက်သုံးရေ လှူဒါန်းခြင်း ၊ ရေတွင်းတူး လှူဒါန်းခြင်း ၊ သောက်ရေကန်တူးဖေါ်ခြင်း ၊ သောက်ရေကန် တာပေါင်မြင့်တင်မှု လှူဒါန်ခြင်း လုပ်ငန်းများအနက် ပထမ ခြေလှမ်းအဖြစ် ၂၄-၄-၂၀၁၆ (တနင်္ဂနွေနေ့) တွင် ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် နှင့် ကဝမြို့နယ် များရှိ ကျေးရွာများသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။
MIYF Myanmar Islamic Youth Foundation မှ အသင်းသားများသည် ၂၄-၄-၂၀၁၆ (တနင်္ဂနွေနေ့) နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ၅၅ မိုင် အကွာရှိ သနပ်ပင်မြို့သို့ ရောက်ရှိ၍ ပဲခူးတိုင်းဒေသကြီး အမှတ်(၂) မဲဆန္ဒနယ် အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဒေါက်တာမိုးမြင့်အောင် နှင့် NLD ပါတီမှ တာဝန်ရှိသူများ နှင့်တွေ့ဆုံခဲ့ပြီး ဒေါက်တာမိုးမြင့်အောင် မှ လက်ရှိရေရှားပါးမှု အခြေနေ ၊သဲမြေဖြစ်သဖြင့် ရေတွင်းတူးဖေါ်ရန်ခက်ခဲမှု ၊ ရေရှည်စီမံကိန်း အနေဖြင့် ကျေးရွာပေါင်း ၆၆ ရွာမှ သောက်ရေကန်များ ပြန်လည်တူဖေါ် တာပေါင်မြင့်တင်နိုင်ရန် စီမံထားရှိမှုနှင့် အလှူငွေလက်ခံရရှိထားမှု အခြေနေများကို ရှင်းလင်းပြောပြခဲ့သည်။
MIYF Myanmar Islamic Youth Foundation မှ၏အမှုဆောင် အဖွဲ့ဝင် များမှ ရေကန်တူးဖေါ် တာပေါင်မြင့်ခြင်း လုပ်ငန်း အတွက် သောက်ရေကန်တစ်ကန် ၏ ခန့်မှန်းကုန်ကျစာရိတ် ၁၅ သိန်းကျပ်ကို လှူဒါန်းရာ ပဲခူးတိုင်းဒေသကြီး အမှတ်(၂) မဲဆန္ဒနယ် အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဒေါက်တာမိုးမြင့်အောင် မှ လက်ခံရယူပြီး ငွေလက်ခံဖြတ်ပိုင်းပြန်လည်ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး NLD ပညာရေးကွန်ရက် "မျှဝေခြင်းစီမံချက်" အတွက် ကျောင်းသုံးဗလာစာအုပ် ဒါဇင် ၂၀၀ ကို MIYF Myanmar Islamic Youth Foundation ၏ အမှုဆောင် အဖွဲ့ဝင် များမှပေးအပ်လှူဒါန်းရာ ဒေါက်တာမိုးမြင့်အောင်က လက်ခံရယူ၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ဒေါက်တာမိုးမြင့်အောင်၏ စီမံလမ်းညွန်မှု ၊ NLD ပါတီတာဝန်ရှိသူများ နှင့် သနပ်ပင်မြို့ခံ ရပ်မိရပ်ဖများ၏ ကူညီလမ်းပြပေးမှုဖြင့် သောက်ရေရှာပါးနေသော် သနပ်ပင်မြို့မှ ၁၇မိုင်ခရီး အကွာဝေးရှိ ကဝမြို့နယ် ဘော့တွန်ကျေးရွာသို့ လှူဒါန်းနိုင်ရန် သောက်ရေ ၂၀လီတာဘူး ၂၉၂ ဘူးတင်ဆောင်၍ နံနက် ၉:၀၀ အချိန်တွင် ထွက်ခွာခဲ့ပါသည်။ ၁၇ မိုင် ခရီးမှညဖုန်တောလမ်းဖြစ်ခြင်းကြောင့် ၂ နာရီကြာ ခက်ခက်ခဲခဲ မောင်းနှင်ခဲ့ရပြီး လမ်းခရီးတစ်လျှောက်မှ ကျေးရွာဒေသခံများမှ ရင်းနှီးဖေါ်ရွေစွာ ကြိုဆို ဧည့်ခံ၍ မိမိတို့ကျေးရွာများတွင် ရေအလှူ လက်ခံရရှိထားမှုက်ုပြောပြ ၍ ဘော့တွန်ကျေးရွာ သို့ ခရီးဆက်ခဲ့ရညာ နေ့လည် ၁၁:၀၀ နာရီ တွင်ရောက်ရှိခဲ့သည်။
ရှေးဦးစွာ ဘော့တွန်ကျေးရွာ အောင်မြေရတနာ ကျောင်းထိုက် ကျောင်းထိုင်ဘုန်းတော်ကြီးနှင့်တွေ့ဆုံနုတ်ဆက်၍ 600ml ၁၂ လုံးပါ ရေသန့်ကဒ် ၂၀ ကိုလှူဒါန်းရာ ကျောင်းထိုင်ဘုန်းတော်ကြီးမှ လက်ခံရယူ၍ MIYF အသင်းသားများ အစာပြေစားသုံးနိုင်ရန် မုန့်များကို ပြန်လည်ပေးလှူပါသည်။ ကျောင်းထိုင်ဘုန်းကြီးမှ ဘော့တွန်ကျေးရွာတွင် အိမ်ခြေ ၁၈၇ လုံးရှိပြီး ရေကန် ၂ ကန်မှာ ခမ်းနေပြီဖြစ်သဖြင့် သောက်ရေ ရှားပါးမှုဖြစ်နေကြောင်း ၊ ယခုလိုလှူဒါန်းမှု အတွက် ကျေးဇူးတင်ပါကြောင်း ရှေ့ဆက်၍လည်း ဆထက်တန်ဖိုး လှူဒါန်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးသည်။
MIYF Myanmar Islamic Youth Foundation အဖွဲ့ဝင်များမှ စုရပ် ၆ ခု သက်မှတ်ပြီး ဘော့တွန်ကျေးရွာမှ အိမ်ထောင်စု ၁၈၇ စု ကို သောက်ရေသန့် ၂၀ လီတာ ၂၉၂ ဘူးကို ပေးဝေ လှူဒါန်းခဲ့ရယ ရွာသူရွာသားများမှ ဝမ်းမြောက်ပျော်ရွှင်စွာ လာရောက်ယူဆောင်ကြ၍ ရေအကျိုး ၁၀ ပါးပြည့်ဝပါစေ ကြောင်း ၊ အလှူရှင်များ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးကြသည်။
ရေအလှူခရီးတွင် အစစအရာရာ အဆင်ပြေစေရေးအတွက် ပဲခူးတိုင်းဒေသကြီး အမှတ်(၂) မဲဆန္ဒနယ် အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဒေါက်တာမိုးမြင့်အောင် ကူညီလမ်းညွန်ပေးခဲ့သည်။ ၊
NLD ပါတီဝင်များ ၊ မြို့ခံရွာခံ ရပ်မိရပ်ဖများ မှ ကျေးရွာများအထိလိုက်လံကူညီခဲ့ကြသည်။
NLD ပါတီဝင်များ ၊ မြို့ခံရွာခံ ရပ်မိရပ်ဖများ မှ ကျေးရွာများအထိလိုက်လံကူညီခဲ့ကြသည်။
လှူဒါန်းမှု စုစုပေါင်းတန်ဖိုးမှာ ၁,၆၅၉,၆၀၀ကျပ် ဖြစ်ပါသည်။
MIYF Myanmar Islamic Youth Foundation မှ ဦးစီး၍ ရေတွင်းတူး ၊ ရေကန်ဖေါ်ခြင်း ၊ သောက်သုံးရေလှူခြင်းများကို ဆက်လက် လုပ်ဆောင်ရန်ရှိကြောင်းသိရပါသည်။
လူအင်အား ၊ မော်တော်ယာဉ် ၊ အလှူငွေပါဝင် လှူဒါန်းလိုသူများ အောက်ပါဖုန်းနံပတ်များသို့ ဆက်သွယ် ပါဝင် ကုသိုလ်ယူနိုင်ကြောင်း သိရှိရပါသည်။
လူအင်အား ၊ မော်တော်ယာဉ် ၊ အလှူငွေပါဝင် လှူဒါန်းလိုသူများ အောက်ပါဖုန်းနံပတ်များသို့ ဆက်သွယ် ပါဝင် ကုသိုလ်ယူနိုင်ကြောင်း သိရှိရပါသည်။
09 786 009 786
09 786 012 786
09 786 910 786
09 786 920 786
09 786 930 786
09 786 940 786
09 786 012 786
09 786 910 786
09 786 920 786
09 786 930 786
09 786 940 786
ဓါတ်ပုံနှင့် သတင်းအချက်အလက်- Myanmar Islamic Youth Foundation FB