Wednesday, 30 December 2015

မျက်စိခွဲစိတ်ရန် လိုအပ်တဲ့ ချို့တဲ့သူ လူမျိုးဘာသာမရွေးကို အခမဲ့ ခွဲစိတ်ကုသပေးနေ


ရန်ကုန်။ ။ မျက်စိခွဲစိတ်ရန် ချို့တဲ့သူ လူမျိုးဘာသာမရွေးကို ကျိုလီယာမွတ်စလင် သာသနာ့ရန်ပုံငွေအဖွဲ့မှ ကြီးမှူး၍ မျက်စိခွဲစိတ်မှုတွေကို အခမဲ့ ကုသပေးနေကြောင်း သိရပါတယ်။
“အန်ကယ်တို့ဆီမှာ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် လာရောက် မျက်စိစမ်းသပ်လို့ရပါတယ်။ ခွဲစိတ်ဖို့လိုတဲ့ လူနာဆိုရင် ခွဲစိတ်ပေးပါ့မယ်။ ခွဲတဲ့အခါမှလည်း နောက်ဆုံးခွဲပြီး မျက်စဉ်းထည့်တဲ့အထိ တာဝန်ယူပါတယ်။ ခွဲစရာမလိုတဲ့ လူနာတွေကိုလည်း လိုအပ်တာ အကုန်လုပ်ပေးပါတယ်” လို့ ကျိုလီယာမွတ်စလင် သာသနာ့ရန်ပုံငွေအဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ ဦးလှဌေးက M-Media ကိုပြောပါတယ်။
ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဟာလည်း လူမျိးဘာသာမရွေး အခက်အခဲမရှိ မျက်စိအလင်းပြန်လည်ရစေလိုရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့အဖွဲ့အနေနဲ့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ဆက်လက်ပြောကြားခဲ့ပါတယ်။
မျက်စိဆေးခန်းပြသလိုသူများအနေနှင့်လည်း မေတ္တဆေးခန်း(အဖွားများသုခရိပ်သာ) အမှတ်(၁) သုခလမ်း (ခ) ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ် တွင် သောကြာနေ့တိုင်း နေ့လည် ၂ နာရီမှ စတင်ကာ ကုသပေးလျှက်ရှိနေကြောင်း သိရပါတယ်။
အဆိုပါ မျက်စိဆေးကုသမှုအစီအစဉ်ကို အောက်တိုဘာလ ၃၀ ရက်နေ့က စတင်ခဲ့ပြီး တစ်ပတ်လျှင် လူနာ (၅၀) ခန့်ကို အခမဲ့ ကုသပေးသွားမှာ ဖြစ်ပါတယ်။
ကျိုလီယာမွတ်စလင် သာသနာ့ရန်ပုံငွေအဖွဲ့မှဦးစီးပြီး အခြားသော စက်ချုပ်သင်တန်း၊ ကွန်ပျူတာသင်တန်း၊အင်္ဂလိပ်စကားပြော သင်တန်းများကိုလည်း လူမျိုးဘာသာမရွေး တက်ရောက်သင်ကြားနိုင်ပြီး သုံးလ တစ်ကြိမ် ဖွင့်လှစ်လျှက်ရှိသည်။
M-Media
မိုးစက်

သွေးကင်ဆာဝေဒနာရှင် ကလေးများအတွက် မြန်မာမွတ်စလင်မ် လူမှု့အကျိုးဆောင်ကွန်ရက်မှ အရုပ်နှင့် မုန့်များလှူဒါန်း








၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ရန်ကုန်ကလေးဆေးရုံကြီး တိုးချဲ့ ဆောင်မှာ ပြုလုပ်တဲ့ ပျော်ပွဲရွှင်ပွဲတွင် သွေးကင်ဆာ ဝေဒနာ ခံစားနေရတဲ့ ကလေးငယ်များအတွက် မြန်မာမွတ်စလင်မ် လူမှု့အကျိုးဆောင်ကွန်ရက်မှ အရုပ်နှင့် မုန့်များ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
Photo via- Khoon Kyi Soe &U Mg Mg Myint FB

အလင်းစက်ဝန်း ပရဟိတ အဖွဲ့ ၏ ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံနှင့် ဝေဒနာရှင်များအတွက် လှူဒါန်းမှု





၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့က မွတ်စလင်မ်လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အလင်းစက်ဝန်း ပရဟိတ အဖွဲ့ဟာ ရွာသာကြီးစိတ် ကျန်းမာရေးဆေးရုံမှာ ပြုလုပ်တဲ့ ခရစ္စမတ် ပျော်ပွဲရွင်ပွဲမှာ စိတ်ဝေဒနာရှင်တွေကို မျက်နာသုတ်ပဝါနဲ့မုန့် များ လှူဒါန်းခဲ့ပြီး ဆေးရုံ အတွက်လည်း ငွေ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
Photo via- Khoon Kyi Soe FB

Oxygen ဘူး လိုအပ်နေသူများအတွက် လူမျိုးဘာသာမရွေး အခမဲ့ငှားရမ်းပေးနေ

Myanmar Islamic Youth Foundation မှ ရောဂါဝေဒနာရှင် Oxygen ဘူး လိုအပ်နေသူများအတွက် Oxygen ဘူးများကို လူမျိုး ဘာသာ မရွေး ၂၄-နာရီ အခမဲ့ ငှားရမ်းပေးနေ ပါရှိပါသည်။
ဆက်သွယ်ရန်
09 786 012 786
09 44 00 510 19
09 25 217 9997
အမှတ် (၄၃) ၊ ရွှေတိဂုံဘုရားလမ်း ၊ အောက်ဘလောက် ၊ လသာမြို့နယ် ၊ ရန်ကုန်မြို့



Monday, 21 December 2015

တက္ကသိုလ်ဝင်တန်း အခမဲ့ ပညာဒါန သင်တန်း ဖွင့်ပွဲ ဒလမြို့နယ် ကမာကဆစ်မှာ ကျင်းပ

ဒီဇင်ဘာ ၂၀ ၊ ၂၀၁၅
M-Media
သတင်း - ဟိန်းထက်

.
ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက် Peace Cultivation Network-(PCN) နှင့် ကမာကဆစ်ဆရာတော် ဦးဧသိက တို့ ပူးပေါင်း ဖွင့်လှစ်သည့် တက္ကသိုလ်ဝင်တန်း အခမဲ့ပညာဒါနသင်တန်း ဖွင့်ပွဲ့အခမ်းအနားကို ရန်ကုန်တိုင်း ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ကမာကဆစ်အနောက် ဘုန်းတော်ကြီးကျောင်း၌ ဒီဇင်ဘာ ၂၀ ရက်နေ့ (ယနေ့) တွင် ကျင်းပပြုလုပ်ခဲ့သည်ဟုသိရသည်။
.
အခမ်းအနားကို မနက် ၁၀ နာရီမှ ၁၂ နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းထိုင်ဆရာတော်၊ သင်ကြားမည့် ဆရာ၊ ဆရာမများ၊ ကျောင်သားကျောင်းသူများ၊ မြို့နယ်အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
.
အနောက်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်က ဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပညာဒါနသင်တန်းကို ပံ့ပိုးကူညီပေးသည့် “ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ရက် (PCN)” မှ ဒုဥက္ကဌ ဦးတင်မျိုးဝင်း(ဗိုလ်မှူး ငြိမ်း) က သင်တန်းနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များ၊ ဆောင်ရွက်သွားမည့် ကိစ္စများကို တင်ပြခဲ့သည်။
.
ဒလမြို့အုပ်ချုပ်ရေးမှူးရုံး လူမှုအထောက်အကူပြုဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ကျေးဇူးတင်စကားပြောကြားခဲ့ကာ ဆရာများကိုယ်စား ဆရာဦးစိုးအောင်က ပညာဒါနသင်တန်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
.
အဆိုပါ တက္ကသိုလ်ဝင်တန်း ပညာဒါနသင်တန်းမှာ အခမဲ့ဖြစ်ပြီး ကျောင်းသားများအား၊ ဗလာစာအုပ်၊ ဘောပင်တို့ အပါအ၀င် ကျောင်းသုံးပစ္စည်းများ၊ သင်ကြားမည့် စာရွက်စာတမ်းများကိုပါ အခမဲ့ ဝေငှသွားမည်ဖြစ်ကာ၊ မေခွန်းဟောင်း စာအုပ်များကိုလည်း တစ်ယောက်တစ်အုပ်စီ အခမဲ့ပေးအပ်သွားရန် အစီအစဉ်ရှိနေသည်ဟု သင်တန်းတွင် အင်္ဂလပ်စာသင်ကြားပေးမည့် ဆရာ ဂျက်ဖရီ ဦးတင်အုန်းက ပြောကြားခဲ့သည်။ လက်ရှိတွင် သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းထားသည့် ကျောင်းသားဦးရေမှာ ၃၅ ဦးရှိနေသည်ဟု သိရသည်။
.
ပညာဒါနသင်တန်း သင်ကြားမည့်အချိန်မှာ တနင်္လာနေ့မှ သောကြာနေ့အထိ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီအထိဖြစ်ပြီး၊ စနေ၊ တနင်္ဂနွေနေ့များတွင် မနက် ၉ နာရီမှ ၁၂ ခွဲအထိ တစ်ကြိမ်၊ နေ့လည် ၁ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ တစ်ကြိမ် သင်ကြားပေးသွားမည်ဖြစ်သည်။ ပညာဒါနသင်တန်းတွင် စုစုပေါင်း ဆရာ၊ ဆရာမ ၁၆ ဦးရှိပြီး နောက်ထပ် ဆရာများကိုလည်း ထပ်မံ ပေါင်းထည့်သွားမည်ဟု သိရသည်။
.
အဆိုပါ တက္ကသိုလ်ဝင်တန်း ပညာဒါနသင်တန်းကို ၂၀၀၉ ခုနှစ်ကတည်းက အစ္စလာမ်ဘာသာဝင်ဆရာအများစု ဦးစီး၍ သင်ကြားခဲ့ခြင်းဖြစ်ပြီး အောင်ချက်ကောင်းမွန်မှုကြောင့် ဒလမြို့ရှိပြည်သူများ အားထားရာ ပညာဒါန သင်တန်းတစ်ခုလည်းဖြစ်သည်ဟု သိရသည်။
.
လူမျိုးဘာသာမရွေး လက်ခံသင်ကြားပေးသည့် အဆိုပါပညာဒါနသင်တန်းမှာ ချို့တဲ့သူသောပြည်သူများ အခက်အခဲမရှိ ပညာသင်ယူနိုင်ရေး အတွက် ရည်ရွယ်သည်ဟု ဆရာ ဂျက်ဖရီ ဦးတင်အုန်းက ပြောကြားခဲ့ပြီး ဖွင့်လှစ်ခဲ့သည့်သက်တမ်း တစ်လျှောက်လုံး ကျောင်းထိုင်ဆရာတော် အပါအ၀င် ကမာကဆစ် အနောက်ကျောင်းတိုက်မှ လိုလေသေးမရှိ ကူညီပေးခဲ့သည်ဟု ဆိုသည်။
.

Saturday, 12 December 2015

ငြိမ်းချမ်းသစ္စာ လူမှုရေးအသင်းအဖွဲ့နဲ့ အစ္စလာမ်အမျိုးသမီအဖွဲ့တို့ စုပေါင်းအမှိုက်ကောက်


Photo:Kan Thar/RFA
လားရှိုးမြို့ မှာ ဒီကနေ့မနက်က ငြိမ်းချမ်းသစ္စာ လူမှုရေးအသင်းအဖွဲ့နဲ့ အစ္စလာမ်အမျိုးသမီအဖွဲ့တို့ ပူးပေါင်းပြီး လားရှိုးမြို့ ရပ်ကွက်(၃) ညဈေးနဲ့ မြို့မဈေးကြီးလမ်းတလျှောက် စုပေါင်း အမှိုက်ကောက်ခဲ့ကြပါတယ်။
ဒါ့အပြင် ကွမ်းတံတွေးတွေကို စနစ်တကျထွေးကြဖို့ အမှိုက်တွေကို စနစ်တကျပစ်ကြဖို့ ဆော်သြထားတဲ့ 
လက်ကမ်းစာရွက်တွေလည် ဝေငှခဲ့ပါတယ်။




Sunday, 6 December 2015

ဒေါပုံ နွယ်အေးဗလီ၏ အခမဲ့ မျက်စိ စမ်းသပ်၊ ကုသပေးမှုတွင် လူ ၃၀၀ ကျော် လာရောက် ကုသမှု ခံယူခဲ့

ဒီဇင်ဘာ ၆၊ ၂၀၁၅
M-Media
မိုးစက်

  မျက်စိနှင့် ပတ်သတ်သော ဝေဒနာခံစားနေရသူများအတွက် ဘာသာလူမျိုးမခွဲခြားဘဲ နွယ်အေးစွန္နီဂျာမေဗလီကြီး၏ သာရေးနာရေးကော်မတီမှ ဦးစီးကာ မျက်စိအခမဲ့စမ်းသပ်ပေးခြင်း၊ မျက်မှန်အခမဲ့ ပြုလုပ်ပေးခြင်းတို့ကို ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဗလီဝတ်ကျောင်းတော်၏ ပရ၀ုဏ်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။


“ကျွန်တော်တို့ကော်မတီကနေ မျက်စိကျွမ်းကျင်တဲ့လူတွေ၊ မျက်စိဆရာဝန်တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပေးတာပါ။ ဒီရပ်ကွက်က အခြေခံလူတန်းစားတွေဆိုတော့ အမှုမဲ့အမှတ်မဲ့နေကြတော့ မျက်စိနဲ့ပတ်သတ်တာတွေကို သိပ်အလေးမပေးကြဘူး။ အဲဒါကြောင့် ဒီရပ်ကွက်ကလူတွေရော အခြားပြသချင်တဲ့ မည်သူမဆို ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ကျွန်တော်တို့က ကုသပေးတာပါ” ဟု နွယ်အေး စွန္နီဂျာမေဗလီကြီး၏ သာရေးနာရေးကော်မတီမှ အတွင်းရေးမှူးဖြစ်သူ ဦးအောင်ထူးမြင့်က မျက်စိကုသပေးခြင်းနှင့် ပတ်သတ်ပြီး M-Media ကို ပြောခဲ့ပါတယ်။

နွယ်အေးစန္နီဂျာမေဗလီကြီးမှ ယခုကဲ့သို့ မျက်စိအခမဲ့စမ်းသပ်ပေးခြင်း၊ မျက်မှန်အခမဲ့ ပြုလုပ်ပေးခြင်းတို့မှာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။
“ကျွန်တော်တို့ မျက်မှန်ကျွမ်းကျင်တဲ့လူတွေနဲ့ မျက်စိဆရာဝန်ကြီးတွေ ပေါင်းပြီး လုပ်ပေးတာပါ။ ဒီက အခြေခံလူတန်းစားတွေက သူတို့မှာ မျက်စိနဲ့ပတ်သတ်တဲ့ အတွေ့အကြုံမရှိဘူး။ မျက်စိဝါးနေရင်လည်း ဘာကြောင့်ဝါးနေမှန်း သူတို့မသိဘူး။ အဲတော့ ကျွန်တော်တို့က သူတို့လိုအပ်တာတွေကို ရှင်းပေးတယ်။ ဆေးပေးသင့်လူကိုပေး၊ မျက်မှန်ပေးသင့်တဲ့လူကိုပေးပါတယ်” ဟု နွယ်အေးစန္နီဂျာမေဗလီကြီး၏ သာရေးနာရေးကော်မတီမှ ဒုဥက္ကဌ ဦးကိုကိုနိုင်က ပြောပါတယ်။
မျက်စိလာရောက်စမ်းသပ်သူ အယောက် (၃၀၀) ကျော် ရှိခဲ့ပြီး မျက်စိခွဲစိပ်ရန်အတွက် လူနာ (၂၅) ယောက်ကျော်ရှိခဲ့ကာ ထိုခွဲစိပ်ရန် လူနာများကိုလည်း ခွဲစိတ်ပြီးဆုံးသည်အထိ နွယ်အေးစွန္နီဂျာမေဗလီက တာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
“ဒီမှာ မျက်စိအခမဲ့စမ်းသပ်ပေးတာ နှစ်ခါရှိပြီ။ နှစ်ခါလုံး ကျွန်မလာပြတယ်။ အပြင်မှာလည်း ဈေးကြီးတော့ မပြနိုင်ဘူး။ ဒီကအခုလိုလုပ်ပေးတာကိုတော့ အရမ်းကျေးဇူးတင်တယ်” ဟု မျက်စိလာရောက်စမ်းသပ်သူ ဒေါပုံမြို့နယ်မှ ဒေါ်ကျင်ကျင်က ပြောပါတယ်။

နွယ်အေးစွန္နီဂျာမေဗလီကြီး၏ သာရေးနာရေးကော်မတီမှဦးစီး၍ မည်သူမဆို လာရောက်ကုသနိုင်သည့် အခမဲ့ဆေးပေးခန်းတစ်ခုကို နေ့စဉ် ဖွင့်လှစ်ပြီး လူမျိုး၊ ဘာသာ ပဓာနမထားဘဲ သက်ကြီးများအား ကူညီပေးခြင်း၊ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူများအား ကူညီပေးခြင်း အစရှိသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရပါတယ်။

Saturday, 28 November 2015

ဒေါပုံ နွယ်အေးဗလီက လူမျိုးဘာသာမရွေး အခမဲ့ မျက်စိစမ်းသပ်၍ မျက်မှန်ပြုလုပ်ပေးမည်

နိုဝင်ဘာ ၂၈၊ ၂၀၁၅
M-Media
၂၀၁၄ ဇွန်လက နွယ်အေးဗလီတွင် လူမျိုးဘာသာမရွေး ပညာရေးထောက်ကူပစ္စည်းများ လှူဒါန်းခဲ့သည့် မြင်ကွင်း

– ရန်ကုန်မြို့ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် ရွှေနှင်းဆီလမ်းရှိ နွယ်အေးစွန္နီဂျာမေဗလီကြီးတွင် လာမည့်ဒီ
ဇင်ဘာလဆန်း၌ လူမျိုးဘာသာမရွေး မျက်စိစမ်းသပ်ပေးခြင်းနှင့် မျက်မှန်ပြုလုပ်မှုများကို အခမဲ့ ပြုလုပ်ပေးသွားမည်ဟု သိရသည်။
ဗလီဝတ်ကျောင်းတော်၏ သာရေးနာရေးဆပ်ကော်မတီမှ ကြီးမှူးပြုလုပ်မည့် အဆိုပါလှုပ်ရှားမှုကို ဒီဇင်ဘာ ၆ ရက်နေ့တွင် နွယ်အေး စွန္နီဂျာဗေလီဝင်းအတွင်း နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ မျက်စိဆရာဝန် ၅ ဦးက မျက်စိစမ်းသပ်မှုများ မျက်မှန်ပြုလုပ်မှုများကို လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး မည်သူမဆို လာရောက်၍ အခမဲ့ စမ်းသပ်ကာ မျက်မှန်များ ပြုလုပ်နိုင်ကြောင်း ဗလီတာဝန်ရှိသူတစ်ဦးက M-Media သို့ ပြောကြားခဲ့သည်။
ထိုသို့ စမ်းသပ်စစ်ဆေးပေးခြင်းအပြင် မျက်စိခွဲစိပ်ရန် လိုအပ်သူများကိုလည်း အဆိုပါဗလီ၏ သာရေးနာရေးဆပ်ကော်မတီက ဦးစီးကာ အခမဲ့ ခွဲစိပ်နိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ဒေါပုံ နွယ်အေးစွန္နီဂျာမေဗလီ၏ ယခုကဲ့သို့ အခမဲ့ မျက်စိစမ်းသပ်ခြင်း၊ မျက်မှန်ပြုလုပ်ပေးခြင်းမှာ ဒုတိယ
အကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကလည်း ပထမအကြိမ် ဆောင်ရွက်ပေးနိုင်ခဲ့ကာ ဘာသာလူမျိုးပေါင်းစုံ လာရောက်၍ စမ်းသပ်မှု ခံယူခဲ့ကြသည်။
နွယ်အေးစွန္နီဂျာမေဗလီကြီး၏ သာရေးနာရေးအဖွဲ့သည် ရပ်ကွက်အတွင်းရှိ လူမျိုးမရွေး ဘာသာမရွေး
လာရောက်ပြသနိုင်သည့် အခမဲ့ဆေးခန်းတစ်ခုကိုလည်း ဖွင့်လှစ်ထားလျက်ရှိပြီး အဆိုပါဗလီကြီးတွင် ကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်းတို့ကိုလည်း လူမျိုးဘာသာမရွေး တက်ရောက်နိုင်အောင် ဖွင့်လှစ်ထား
ရှိကြောင်း သိရသည်။

မန္တလေးတိုင်း အိုလမာအဖွဲ့မှ ရှမ်းပြည်မှ စစ်ဘေးရှောင် ပြည်သူများ အတွက် သိန်း ၂၀၀ ကျော်ဖိုးလှူဒါန်း

အိုလမာအစ္စလာမ်သာသနာ့ပညာရှင်မှာအဖွဲ့ခွဲ မန္တလေးတိုင်းဒေသကြီး ပညာရေးနှင့်လူမှုရေးအကျိုးဆောင်အဖွဲ့မှ ရှမ်းပြည်တောင်ပိုင်း စစ်ဘေးရှောင်ပြည်သူများအား အဝတ်အထည် စားသောက်ကုန် လူသုံးကုန်နှင့် ဆေးဝါးပစ္စည်းများကို တောင်ကြီးမြို့ရှိ ဝေဠုဝန်ကျောင်းတိုက်နှင့် နမ့်ခုံးရှမ်းများပရဟိတအဖွဲ့သို့ ယနေ့(၂၈.၁၁.၂၀၁၅)ရက်တွင် လာရောက်ပေးပို့လှူဒါန်းခဲ့ကြောင်းသိရပါတယ်။
ဓါတ်ပုံနှင့် သတင်း source: Shan Minn Thar







Saturday, 5 September 2015

ငွေကြေးမပြည့်စုံတဲ့ ဝေဒနာရှင်များကို မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံမှာ အခမဲ့ ကျောက်ကပ်ဆေးပေးနေ

သြဂုတ် ၂၆၊ ၂၀၁၄
M-Media
သတင်း/ဓါတ်ပုံ- မိုးစက်

ရန်ကုန်။    ။ ရန်ကုန်မြို့မှာ ရှိတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး ကုသပေးနေသော ဘားလမ်း (မွတ်စလင်ကုသိုလ်ဖြစ်) အခမဲ့ဆေးရုံ တွင် ကျောက်ကပ် အခမဲ့ဆေးပေးသည့် ဌာန အသစ်ကို ထမ်မံ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
.
အဆိုပါ ကျောက်ကပ်ဆေးသည့် ဌာနတွင် ကျောက်ကပ်ဆေးပေးသည့် စက်ကရိယာ (၃) လုံးဖြင့်အစတည်ကာ စတင်ဖွင့်လှစ်ခဲ့သည်။
.
“ကျွန်တော်တို့ဆေးရုံက ကျောက်ကပ်ဆေးပေးတဲ့ဌာနမှာ ကျောက်ကပ်မကောင်းတော့လို့၊ အလုပ်မလုပ်တော့လို့လို့ ဆရာဝန်တွေက ကျောက်ကပ်ဆေးဖို့ လိုအပ်လို့ ညွှန်ကြားချက်ရှိရင် လူမျိုးဘာသာမရွေး အခမဲ့ဆေးပေးပါတယ်။ ခုတော့ ဒီဌာနမှာ Professor ဦးခင်မောင်ဌေးက ဦးစီးပြီး လုပ်ပေးနေ ပါတယ်။ ကျောက်ကပ်ဆေးတဲ့နေရာမှာလည်း အကြိမ်ရေ ၁၅၀ ကျော်တဲ့ သူတွေကို ဦးစားပေးပြီး ဆေးပေးနေပါတယ်။”မွတ်စလင်မ် ကုသိုလ်ဖြစ် အခမဲ့ဆေးရုံ၏ ဆေးရုံအုပ်ကြီးဖြစ်သူ S.Madah ကရှင်းလင်းပြောဆို ခဲ့ပါသည်။

 ကျောက်ကပ်ဆေးသည့်စက်လုံး၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ တစ်သောင်းမှ တစ်သောင်းလေးထောင်ကျော်ထိ ရှိပြီး အလှူရှင်များမှ လှူဒါန်းခဲ့ကြောင်း သိရသည်။
.
ကျောက်ကပ်ဆေးသည့် ဌာနတွင် တာဝန်ကျနေသော ဒေါက်တာ မင်းဆွေဦးမှလည်း “ကျွန်တော်တို့ ဒီဌာနမှာ တာဝန်ယူဖို့အတွက် ဒီဆေးရုံရဲ့အထောက်အပံ့နဲ့ မန္တလေးမှာ ရက်လေးဆယ်လောက် လေ့ကျင့်သင်ကြားထားရပါတယ်။ ကျောက်ကပ်ဆေးဖို့ရောက်လာတဲ့ လူနာတွေကိုလည်း လိုအပ်တဲ့ဆေးစစ်ချက်တွေ ပြုလုပ်ပြီး တတ်နိုင်တာ အကုန်လုံးကို ဆောင်ရွက်ပေးနေပါတယ်။ ဒီဆေးရုံဟာ ကုသိုလ်ဖြစ်ဆေးရုံဖြစ်တဲ့ အတွက်လည်း ဘယ်လူမျိုးမဆို ကျွန်တော် တို့ဘက်က အကောင်းဆုံး ဝန်ဆောင်မှုတွေကိုပဲ ပေးပါတယ်” ဟု တာဝန်များနှင့်ပတ်သတ်ပြီး ပြောဆိုခဲ့ပါသည်။
.
အဆိုပါဌာန စဖွင့်သည့် အချိန်မှ ကျောက်ကပ်ဆေးရန် အတွက် လူနာများ အများအပြားရောက်ခဲ့ကြောင်း သိရသည်။ လူနာတစ်ဦး ကျောက်ကပ်ဆေးရန် ကြာမြင့်ချိန်မှာ လေးနာရီ ဝန်းကျင်လောက်ဖြစ်ပြီး ထိုဆေးရုံတွင် တနင်္ဂနွေနေ့မှ အပ အခြားနေ့များတွင် အချိန်ပြည့် ဝန်ဆောင်မှုပေးနေပြီ ဖြစ်ကြောင်း သိရသည်။

ယင်းဆေးရုံတွင် ကျောက်ကပ်ဆေးရန် အတွက် ဆေးကုသမှု ခံယူနေသော အသက် (၇၆) အရွယ် လူနာတစ်ဦးကလည်း “ဦးလေးက ဒါနဲ့ဆို ဆေးတာ အကြိမ် ၆၀ ကျော်ပြီ။ မဖြစ် မနေမို့လို့ ဆေးနေရတာ။ အပြင်မှာဆေး ရတာ ဈေးလဲကြီးတယ်။ ခုဒီဆေးရုံက အခမဲ့ဆေးပေးတော့ အရမ်းကိုအဆင်ပြေတယ်။ အခုလို အခမဲ့ဆေးလို့ရအောင် လုပ်ပေးတဲ့ လူတွေအားလုံးကိုလည်း ကျေးဇူးအရမ်းတင်တယ်” ဟုပြောဆိုခဲ့ပါသည်။

မွတ်စလင် ကုသိုလ်ဖြစ် အခမဲ့ဆေးရုံ (ဘားလမ်း)တွင် သားဖွားမီးယပ်ဌာန၊ မျက်စိအထူး ကုဌာနနှင့် အထွေထွေ ရောဂါကုသည့်ဌာနတို့ကို ဖွင့်လှစ်ထားပြီး နေ့စဉ် လူမျိုးဘာသာမရွေး အခမဲ့ ကုသပေးလျက်ရှိသည်။
.
မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ(ဘားလမ်း) ကို ၁၉၃၇ ဇန္နဝါရီလ ၅ ရက်နေ့တွင် ပရဟိတ မွတ်စ်လင် လူငယ် တစ်စုက လူမျိုး၊ ဘာသာ သာသနာ၊ အဆင့်အတန်း မရွေး လူတန်းစား အားလုံးမှ မကျန်းမာသူတို့ အတွက် ကောင်းမွန်သော အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုနိုင်ရန် ရည်ရွယ်ချက်ဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
.
မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ၏ အဓိက ရည်မှန်းချက်နှင့် ပန်းတိုင်မှာ ဘာသာ၊ အယူဝါဒ၊ အသွေးအရောင် ခွဲခြားမှုမရှိစေဘဲ ဆင်းရဲသားများအား လိုအပ်သော ဆေးကုသမှုကို ကူညီပေးရန် ဖြစ်သည်။
.
မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှု လုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များ အတွက် ချီးမြှင့်သည့်  ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆုအတွက် ၂၀၁၀ ပြည့်နှစ် မှ ယခု ၂၀၁၂ အထိ (၃) ကြိမ်ဆက်တိုက် ပဏာမစာရင်းတွင်ပါဝင်ခဲ့သည်။
.
မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံတည်ရှိရာ လိပ်စာမှာ အမှတ် ၈၀/၈၆ မဟာဗန္ဓုလပန်းခြံလမ်း(ဘားလမ်း) ၊  ရန်ကုန်မြို့ဖြစ်ပြီး၊ WebSite မှာ http://www.muslimfreehospital.com/ ဖြစ်ပါသည်။
.
ပြည်တွင်းပြည်ပ မှ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံရန်ပုံငွေအတွက် ကူညီလှူဒါန်းနိုင်ကြောင်း ၄င်းတို့၏ တရားဝင် ဝဘ်ဆိုဒ်မှာ ရေးသားထားပါသည်။
မူရင်း- .http://www.m-mediagroup.com/news/44898

ဆက်စပ် သတင်းနှင့် ဆောင်းပါးများ ဖတ်ရန်
——————————–
မြန်မာမွတ်စ်လင်မ်တို့၏ အကျိုးပြု သမိုင်း တစ်ပုဒ်နှင့် အားလုံး အတွက် စံနမူနာ
http://www.m-mediagroup.com/news/38059
မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ က ဒေါက်တာ ဒေါ်ခင်ဝင်းကြူ ရဲ့ ပုံရိပ် တစေ့တစောင်း
http://www.m-mediagroup.com/news/32641
မွတ်စ်လင်မ် ကုသိုလ်ဖြစ် အခမဲ့ဆေးရုံသည် မြန်မာ့ ညီညွတ်သွေးစည်းခြင်း မျှော်လင့်ချက်တစ်ခု
http://www.m-mediagroup.com/news/18346
လူမျိုး၊ဘာသာမခွဲ ကုသပေးနေတဲ့ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ ၇၆ နှစ်ပြည့်တော့မည်။
http://www.m-mediagroup.com/news/8347
ကျောက်တံတားမြို့နယ်ရှိ မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ
http://www.m-mediagroup.com/news/2371
ပြည်သူ့ဂုဏ်ရည်ဆု ပဏာမစာရင်းတွင် မွတ်စလင်မ် ကုသိုလ်ဖြစ်ဆေးရုံ ၃ ကြိမ်ဆက်တိုက်ပါဝင်ခဲ့
http://www.m-mediagroup.com/news/2363

တက္ကသိုလ်ဝင်တန်း ပညာဒါန အခမဲ့သင်တန်း ကျုလီယာ သာသနာ့ ရံပုံငွေအဖွဲ့ ဒုတိယအကြိမ် ဖွင့်လှစ်

ကျူရှင်မတက်နိုင်သည့် ကျောင်းသားများအတွက် တက္ကသိုလ်ဝင်တန်း ပညာဒါနအခမဲ့သင်တန်း ကျုလီယာ သာသနာ့ ရံပုံငွေအဖွဲ့ ဒုတိယအကြိမ်ဖွင့်လှစ်

ရှားစောင်း
စက်တင်ဘာ(၁)ရက်၊ ၂၀၁၅။

ကျူရှင်မတက်နိုင်သည့် ကျောင်းသားများအတွက် တက္ကသိုလ်ဝင်တန်း ပညာဒါနအခမဲ့သင်တန်းဒုတိယအကြိမ်မြောက် သင်တန်းဖွင့်ပွဲကို ယနေ့ နေ့လည်(၂)နာရီအချိန်တွင် ကျူလီယာမွတ်စလင်မ် သာသနာရန်ပုံငွေအဖွဲ့မှ သင်္ဃန်းကျွှန်းမြို့နယ် အဘွားများ သုခရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့သည်။

“ ကျွန်တော်တို့လုပ်နေတာ ပညာဒါနပါ၊ ဆရာတွေကလည်း ကျောင်းသားတွေအပေါ် တစ်သားတည်း စိတ်စေတနာအပြည့်ထားပေးပါ၊ ကလေးတွေကလည်း အားတက်သရောနဲ့ ငါတို့ ဆယ်တန်းအောင်အောင်ဖြေပေးမယ်ဆိုတဲ့ စိတ်ထားပေးပါ၊
ကျွန်တော်အလှည့်တုန်းက ဆယ်တန်းကို (၆)ခါဖြေရတယ်၊ ကျွန်တော်ဇွဲမလျော့ပဲ ဖြေခဲ့တယ်၊ ဒါပေမယ့်ကျွန်တော်လိုတော့ (၆)နှစ်မဖြေပါနဲ့ နှစ်ချင်းပေါက် အောင်စေချင်ပါတယ်” ဟု ဦးစိုးဝင်း (တရားလွှတ်တော်ရှေ့နေ) မှ အမှာစကားပြောသည်။

သင်ကြားပို့ချမည့်ဆရာများမှာ မြန်မာစာ ဒေါက်တာသန်းမင်းထိုက်(Ph.D)၊ အင်္ဂလိပ်စာ ဆရာဦးသဏ်းအောင်း(Student Choice)၊ သင်္ချာ ဆရာဦးကျော်ခင်( AM)၊ ဓာတုဗေဒ ဆရာဦးအောင်ဝင်းဇော်(ဂုဏ်ထူးရှင်)၊ ရူပဗေဒ ဆရာဦးမောင်မောင်(B.E)၊ ဇီဝဗေဒ ဒေါက်တာမြသိန်း(M.B.B.S)၊ ဘောဂဗေဒ ဆရာဦးဘုန်းမြတ်ထူးတို့မှ ဦးဆောင်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

“ ဆရာတွေက အာရုံစူးစိုက်မှု ပြင်းပြင်းထန်ထန်လုပ်နေတော့ ကျောင်းသားတွေဘက်က တုန့်ပြန်မှုက ပေါ့ပေါ့လေးထားမှာကို စိတ်ပူတယ်၊ မနှစ်ကတော်တော်များများက ဆယ်တန်းနဲ့ တော်တော် အဆက်ပြတ်နေတယ်၊ ဆယ်တန်းနဲ့အထိအတွေ့သိပ်မရှိတော့ တစ်ချို့ဆို အင်္ဂလိပ်စာတောင် တော်တော်အားနည်းနေတာ တွေ့ရတယ်၊ အချိန် ၅လလောက်နဲ့ သူတို့ကို သင်ဖို့ဆိုတာ ခက်သွားတယ်၊ အခြေခံရှိပြီးသားကျောင်းသားတွေကတော့ အကုန်အောင်သွားတယ် ၊ ဂုဏ်ထူးထွက်တဲ့သူလည်း ရှိတယ်၊ လုံးဝစာနဲ့အဆက်ပြတ်သူက ကျတယ်၊ ဒီနှစ်တော့ ပိုပြီး ကြိုးစားသွားမယ် အဓိက ကလေးတွေ အောင်ဖို့ပဲ” ဟု ဒေါက်တာမြသိန်း(ဇီဝဗေဒ)မှ Myanmar Muslim Media သို့ ပြောကြားခဲ့သည်။

ယင်း သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်မှာ “ ကလေးတွေက စာမေးပွဲဖြေဆိုချင်တယ် ကျောင်းတတ်ချင်တယ်၊ ငွေကြေးမတတ်နိုင်တဲ့ကလေးတွေအတွက် ဒီသင်တန်းကို ဖွင့်ရခြင်းဖြစ်တယ်၊ ဒီသင်တန်းမှာ ကလေးတွေက ဘာသင်တန်းကြေးမှ မပေးရဘူး၊ စာနဲ့ပက်သက်မယ့် စာရွက်စာတမ်းအားလုံးကို ဒီကပဲအကုန်ပေးတယ်” ဟု ဟာဂျီဦးလှဌေး(ကျူလီယာမွတ်စလင်မ် သာသနာရန်ပုံငွေအဖွဲ့မှ အတွင်းရေးမှူး)မှ ပြောသည်။

အထက်ပါသင်တန်းကို တစ်ပတ်လျှင် (၆)ရက် တက်ရောက်ရမည်ဖြစ်ပြီး၊ (၅)ရက်တစ်ခါ စာမေးပွဲ စစ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းကို နေ့လည်(၁)နာရီထွဲအချိန်မှ (၆)နာရီထိသင်ကြား မည်ဖြစ်ကြောင်း၊ စည်းကမ်းမလိုက်နာသည့်ကျောင်းသား၊ကျောင်းသူများကိုလည်း ကျောင်း ထုတ်သွား မည်ဖြစ်ကြောင်း၊ (၂)နှစ်အတွင်း ကျောင်းသား ၂၀၀ကျော်ပညာသင်ကြားပေးခဲ့ပြီး ယခုနှစ် ကျောင်းသား(၁၂၄) ဦးရှိကြောင်း ကျူလီယာမွတ်စလင်မ် သာသနာရန်ပုံငွေအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

Myanmar Muslim Media
https://www.facebook.com/MyanmarMuslimMedia2/posts/1037624339611363




Sunday, 23 August 2015

မင်းကင်းမြို့မှရေဘေးသင့်သူများကို မန္တလေးမှ ပန်းသေးမွတ်စလင်မ် မိသားစုသွားရောက်လှူဒါန်း.

စစ်ကိုင်းတိုင်းဒေသ မင်းကင်းမြိုနယ် ဝန်းကျင် ရေဘေးသင့်ပြည်သူများ အတွက် မန္တလေးမြို့မှ ပန်သေးမွတ်စလင် မိသားစုမှ လှူဒါန်းမှုခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုတွင် မုံရွာမြို့မွတ်ဆလင်လူမှု့ အကျိုးဆောင်အဖွဲ့မှ လုပ်အားဒါန ဖြင့် ပါဝင်ကူညီခဲ့ကြောင်းသိရှိရသည်။

သြဂုတ်လ- ၂၁ ရက် ၂၀၁၅

Photo Credit-ပန်းသေးမိသားစု - မန္တလေးမြို့













ကျောက်တံခါးမြို့က အစ္စလာမ်ဘာသာဝင်များရဲ့ ရေဘေးကူညီမှု


ကျောက်တံခါးမြို့ အစ္စလာမ်ဘာသာဝင်များမှ ရေဘေး သင့်ပြည်သူများအတွက် ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၆ ရက် က သွားရောက်လှူဒါန်းမှု
Min Kha ပေးပို့သည်။

Donation Group

Blog Archive