ဇန်န၀ါရီ ၁၅၊ ၂၀၁၆
ငွေကြေးမတတ်နိုင်တဲ့ လူမျိုးဘာသာမရွေးမျက်စိဝေဒနာရှင်တွေကို ကူညီပေးနေတဲ့ ပဲခူးမြို့ မြန်မာမွတ်စလင်မ် ပညာရေးနှင့် ငြိမ်းချမ်းရေးကော်မတီ က မျက်စိဝေဒနာရှင် ၁၃ ဦးကို အောင်အောင်မြင်မြင် ခွဲစိတ်ပေးပြီး ၃၅ ဦးကို မျက်မှန် လုပ်ပေးပြီးပြီလို့ ၎င်းကော်မတီရဲ့ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော် ကပြောပါတယ်။
“စာရင်းလာပေးရင်ခွဲပေးတယ်။ ဘာသာပေါင်းစုံပါပဲ။ ခွဲစိတ်ဖို့လိုတယ် ဆိုရင် ပဲခူးဆေးရုံကိုပို့ပေးပြီး လိုအပ်တာအားလုံး ကျွန်တော်တို့လုပ်ပေးပါတယ်” လို့ ဦးထွန်းအောင်ကျော်က Myanmar Muslim Media ကိုပြောပါတယ်။
ငွေကြေးမတတ်နိုင်တဲ့ မျက်စိဝေဒနာရှင် လူမျိုး ဘာသာမရွေးကို မြန်မာ မွတ်စလင်မ် ပညာရေးနှင့် ငြိမ်းချမ်းရေးကော်မတီက အခမဲ့ မျက်စိ ခွဲစိတ် စမ်းသပ်ပေးနိုင်ဖို့အတွက် ပဲခူး ဒါရ်ဂါတော်မှာ လာရောက် စာရင်းပေး သွင်းနိုင်ပြီး၊ ဦးခင်မောင်လေး-၀၉ ၄၂၈၀၃၂၁၉၆၊ ဦးထွန်းအောင်ကျော်- ၀၉ ၄၂၈၁၅၁၇၈၆၊ ၀၉ ၉၇၃၃၈၉၀၄၉၊ ဦးညီညီဇော်- ၀၉ ၉၇၇၃၆၉၇၉၆ တို့ထံကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
မြန်မာမွတ်စလင်မ် ပညာရေးနှင့် ငြိမ်းချမ်းရေးကော်မတီအနေနဲ့ မျက်စိဝေဒနာရှင်တွေကို ခွဲစိတ် စမ်းသပ်ပေးခြင်း ၊ တက္ကသိုလ်ဝင်တန်းနဲ့ န၀မတန်း အခမဲ့ကျူရှင်တွေဖွင့်ပေးခြင်းအပြင် အခြားသောလူမှုရေး လုပ်ငန်းတွေကိုလည်း ပဲခူးမြို့က မိတ်ဖက် ပရဟိတ အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေကြောင်းလည်း ဦးထွန်းအောင်ကျော် ကဆက်လက်ပြောကြားသွားပါတယ်။
မေဦး
Myanmar Muslim Media
Myanmar Muslim Media
0 comments:
Post a Comment