Friday, 29 July 2016

လူမျိုးဘာသာမရွေး တက်ရောက်နိုင်တဲ့ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ

ဇူလိုင် ၂၉ ၊ ၂၀၁၆
M-Media
.
ကျိုလီယာမွတ်စလင်မ် သာသနာသနာရန်ပုံငွေအဖွဲ့မှ ဖွင့်လှစ်လျုက်ရှိတဲ့ Computer / English speaking/ စက်ချုပ်နှင့် မော်တာချုပ် သင်တန်း များဖွင်လှစ်ခဲ့သည်မှာ ယခု ဆိုလျှင် ၁၅ ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရှိရသည်။
.
၃ လ တစ်ကြိမ် အဆိုပါ သင်တန်းသစ်များကို ဖွင့်လှစ်လျက်ရှိပါသည်။
.
သင်တန်းတက်ရောက်မည့်လူများသည် သင်တန်းမစမှီ ၁လ ခန့်အလိုတွင် စာရင်းပေးသွင်း နိုင်ကြောင်း သိရှိရသည်။
.
အဆိုပါ သင်တန်းများကို လူမျိုး၊ ဘာသာမရွေး တက်ရောက်နိုင်တယ်လို့ သိရပါသည်။
.
ဒါအပြင် မျက်စိခွဲစိတ်ရန် ချို့တဲ့သူ လူမျိုးဘာသာမရွေးကိုလည်း တစ်ပတ်လျှင် လူနာ (၅၀) ခန့် မျက်စိခွဲစိတ်မှုတွေကို အခမဲ့ ကုသပေးနေကြောင်းသိရှိရပါသည်။
.
ပညာဒါန သင်တန်းတွေကိုတော့ အမှတ် (၁)၊ သုခလမ်း၊ ခ ရပ်ကွက်၊ သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့မှာ သင်ကြားပေးသွားမှာဖြစ်ပြီး စိတ်ဝင်စားသူ မည်သူမဆို အောက်ပါ ဖုန်းနံပါတ်တွေကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
.
ဖုန်း – ၅၇၇၄၇၃၊ ၈၅၅၁၁၉၁၊ ၀၉-၇၃၁၃၇၅၃၊ ၀၉-၇၉၇၅၄၂၅၉၀၊ ၀၉-၇၉၇၅၄၂၅၉၁








Tuesday, 26 July 2016

စစ်ဘေးရှောင်များကို သွားရောက်ကျွေးမွေးတဲ့ နမ္မတူမြို့မှ မွတ်စလင်မ်များ

၂၀၁၆ ၊ ဇူလိုင် ၊ ၁၄ ရက်
နမ္မတူမြို့နယ် ရွှေမြင်သာကျောင်း ယာယီ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် တိုင်းရင်းသားပေါင်းစုံ စစ်ဘေးရှောင် ပြည်သူများကို နမ္မတူမြို့ခံ အစ္စလာမ် ဘာသာဝင်များမှ သွားရောက် ဧည့်ခံကျွေးမွေးခဲ့ပါသည်။
သတင်း- ဓါတ်ပုံ- ဒီမိုကရေစီ လူငယ်





၂၀၁၆ သြဂုတ်လ မှာ ဖွင့်လှစ်မယ့် ပညာဒါန သင်တန်းများ


Saturday, 23 July 2016

မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့ဦးစီးတဲ့ သွေးလှူဒါန်းမှု ၂၁ ကြိမ် မှာ (၄၄၀၀) ဦးလှူဒါန်းခဲ့

ဇူလိုင် ၂၃ ၊ ၂၀၁၆
.
အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးများမှ တစ်ခုဖြစ်သည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့ မ.မ.လ ဌာနချုပ် မှ ကြီးမှူး၍ ပြုလုပ်သော သွေးလှူဒါန်းမှုမှာ ဇူလိုင်လ ၁၇ရက်နေ့တွင် ၂၁ကြိမ် ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။
သွေးလှူဒါန်းရခြင်းဟာ အဓိကအားဖြင့် ကိုယ်ကျင့် တရားတွေ စောင့်ထိန်းနိုင်ပြီး မျှော်လင့်ချက် မပါပဲ လူမျိုးဘာသာမရွေးကို ကူညီဖို့ လုပ်တာလို့ မ.မ.လ ဌာနချုပ် သွေးလှူဒါန်းရေး ကော်မတီဥက္ကဌ ဟာဂျီမ ဒေါ်ချိုက " မြန်မာမွတ်စလင်မ် လူငယ်တွေရဲ့ ကိုယ်ကျင့်တရား စောင့်ထိန်းနိုင်ဖို့ လုပ်ရတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ နောက်ပြီးတော့ သူတို့ဆီက ထွက်လာတဲ့ သွေးတွေကို လူမျိုးမရွေး ဘာသာမရွေး တကယ်လိုအပ်တဲ့ သူတွေကို ပေးချင်လို့ မျှော်လင့်ချက် မရှိဘဲ အလှူဆိုတဲ့ ဒါနမြောက်အောင် ပေးချင်တဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်" ဟု ပြောပါတယ်။
.
သွေးလှူဒါန်းပွဲမှာ လာရောက် သွေးလှူဒါန်းတဲ့ အသက် ၂၄နှစ်အရွယ် ကိုရန်နိုင်ဦးကတော့ ၎င်း သွေးလှူရတဲ့ အတွက် အတိုင်းမသိ ပီတိဖြစ်ရကြောင်း၊ မိမိသွေးဖြင့် တပါးသူ အသက်ရှင်သန်ရေးအတွက် ကူညီရတာ ဝမ်းသာကြောင်း ပြောပါတယ်။
.
မ.မ.လ ဌာနချုပ်သည် ၂၀၀၉ ခုနှစ်ကတည်းက ရန်ကုန်မြို့ အမျိုးသား သွေးလှူဘဏ်တွင် ၄လတစ်ကြိမ် ပုံမှန်သွေး လှူဒါန်းမှု ပြုလုပ်လာခဲ့ရာ ယခု ၂၁ကြိမ်ထိဆိုလျှင် သွေး လှူဒါန်းသူ လေးထောင့် လေးရာကျော်ရှိပြီလို့လည်း သိရပါတယ်။
.
အဆိုပါ သွေးလှူဒါန်းပွဲများမှာ အစ္စလာမ် ဘာသာဝင်များ သာမက မြန်မာပြည်တွင်းက လူမျိုးစုံ ဘာသာစုံမှ ပါဝင်လှူဒါန်း ခဲ့ကြကြောင်း မ.မ.လ ဌာနချုပ် သွေးလှူဒါန်းရေး တာဝန်ခံ ဦးအောင်ကျော်ဦးက ဆိုပါတယ်။
.
" သွေးလှူပွဲမှာ အစ္စလာမ် ဘာသာဝင်တွေသာမကပဲနဲ့ အခြားဘာသာဝင်တွေ စိတ်ဝင်စားတဲ့ လူငယ်မောင်မယ်အားလုံးက အဘက်ဘက်က ဝိုင်းဝန်းပြီးတော့ ပါဝင်ပေးကြပါတယ်။ အခုဒလမြို့နယ်ဆိုရင် ဗုဒ္ဓဘာသာလူငယ် လူကြီးတွေ ပေါင်းပြီးတော့ ပါဝင်လှူဒါန်းပေးပါတယ်" ဟု ဘာသာပေါင်းစုံမှ သွေးလှူရှင်တွေ ပါဝင်လှူဒါန်းမှုကို ရှင်းပြပါတယ်။
.
ကုရ်အာန် ကျမ်းမြတ်ကဏ္ဍ ၅ အပိုဒ် ရေ ၃၂အရ " မည်သူမဆို လူသားတစ်ဦးအား အသက်ရှင်စေခဲ့လျှင် ထိုသူသည် လူသားထု တစ်ရပ်လုံးအား အသက်ရှင်စေသကဲ့သို့ ဖြစ်သည်" ဟု မိန့်ဆိုထားသဖြင့် အစ္စလာမ် ဘာသာဝင်များသည် ဘာသာလူမျိုး တူသည်ဖြစ်စေ မတူသည်ဖြစ်စေ သွေးလှူခြင်း ပရဟိတ ပြုကြကြောင်း သိရပါတယ်။
သတင်း - သူရိန် (M-Media)








Monday, 18 July 2016

Thousand Smiles Charity ဧ။် (၂၁) ကြိမ်မြောက် အလှူ

Thousand Smiles Charity ဧ။် (၂၁) ကြိမ်မြောက် အလှူအဖြစ် 
ယနေ့ ၁၇.၇.၂၀၁၆ တွင် အောက်ဝါးနက်ချောင်းကျေးရွာ၊မှော်ဘီ မြို့နယ် ရှိ လူမှုစောင့်ရှောက်ရေး
 စခန်းသို့ဆန်၊ဆီ စသည့်မီးဖိုချောင်သုံး ပစ္စည်းများ
လှူဒါန်းခဲ့ပြီး ဂေဟာရှိ ဘိုးဘွားများ နှင့် ခိုကိုးရာမဲ့ တစ်ဦးချင်းစီကို
ဆပ်ပြာ ၊သွားတိုက်ဆေး စသည့် တစ်ကိုယ်ရေးသုံးပစ္စည်းများ ၊မုန့် များနှင့် အလှူငွေများ ကိုအလှူရှင်များ 

ကိုယ်စားပေးအပ်လှူဒါန်းခဲ့ပါသည်။
ယခုလိုအလှူဖြစ်မြောက်အောင် အဖက်ဖက်မှ ပါဝင်ကူညီခဲ့သူများနှင့် Thousand Smiles Charity သို့
ယုံကြည်စွာ လှူဒါန်းခဲ့သော အလှူရှင်များကို အထူးကျေးဇူးတင်ရှိပါသည်။


Credit: Thousand Smiles Charity 
















Friday, 15 July 2016

ပျော်ဘွယ်မြို့တွင်မွတ်စလင် NGO အဖွဲ့၏ လှူဒါန်းမှု

ပျော်ဘွယ်မြို့နယ် ဧကရာဇ်ကုန်းကျေးရွာအုပ်စု တိမ်းတည်ကျေးရွာမှာရှိတဲ့ ယင်းတော် ထခွဲကျောင်းလေးကို မွတ်စလင် NGO အဖွဲ့တစ်ဖွဲ့က အဝီစိတွင်းတူး မော်တာတပ်ပြီး ရေစင်ဆောက် လှူဒါန်းပေးသလို ကျောင်းသူကျောင်းသာ ၄၀၀နီးပါးနဲ့ ဆရာဆရာမတွေကို အကျွေးအမွေးနဲ့ပါဧည့်ခံခဲ့ပါတယ်။ ခုအဲ့ရွာလေးမှာ ကျနော်ရောက်နေပါတယ်။
မင်းမင်းလတ်

  

ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီး ကုတင်၃၀၀ ကလေးကုသဆောင် (၃၈၉)ကြိမ်မြောက် အာဟာရဒါနအလှူရှင်

ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီး ကုတင်၃၀၀ ကလေးကုသဆောင်
(၃၈၉)ကြိမ်မြောက် အာဟာရဒါနအလှူရှင်
အင်္ဂလန်နိုင်ငံမှာနေထိုင်သောမြန်မာမွတ်ဆလင်တစ်ဦးတည်းက
ဆဋ္ဌမအကြိမ်မြောက်ကောင်းမှုကုသိုလ်ဒါနပြုခြင်းပါ
Credit: Khin Zaw












Donation Group