Monday, 22 August 2016

ဧရာဝတီတိုင်း အတွင်း ရေဘေးသင့် မြို့နယ် ၇ ခုသို့ အစ္စလာမ်ဘာသာရေး အဖွဲ့မှ သိန်း(၅၀၀) လှူဒါန်း

သြဂုတ် ၂၂ ၊ ၂၀၁၆
M-Media
သတင်း-သီဟ
.
ဧရာဝတီတိုင်း ဒေသကြီး အတွင်း ဖြစ်ပွားနေသည့် ရေဘေး ဒုက္ခကြုံတွေ့နေရသည့် ပြည်သူများ အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ စုစုပေါင်း ကျပ်သိန်း (၅၀၀) ဖိုး ကယ်ဆယ်ေ၇း ပစ္စည်းများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
.
သြဂုတ်လ ၁၈ နေ့က ဧရာဝတီတိုင်း ဝန်ကြိးချူပ်အား အဆိုပါ အလှူ သိန်း(၅၀၀) လှူဒါန်း အခမ်းအနားဖြင့် ပေးအပ်လှူ ဒါန်း ခဲ့ပြီး အဆိုပါသိန်း(၅၀၀) ဖိုး အလှူပစ္စည်းများကို ရေဘေး သင့်ပြည်သူများကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းဖို့ ဝန်ကြီးချူပ် မန်းဂျော်နီထံ ညှိနှိုင်းခွင့်တောင်းခဲ့ရာ ခွင့်ပြုခဲ့သဖြင့် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ခံအလှူ အဖွဲ့များက အောက်ခြေထိ သွားရောက်လှူဒါန်းလျက် ရှိကြောင်းသိရသည်။
.
ထိုသို့ သွားရောက် လှူဒါန်းသည့် အဖွဲ့မှ တာဝန်ရှိသူတဦးကို M-Media မှ ဆက်သွယ်မေးမြန်းခဲ့ရာ
" သာပေါင်း၊ ရေကြည်၊ ကန်ကြီးထောင့်၊ ညောင်တုံး၊ ကျောင်းကုန်း၊ ကျုံပျော် တမြို့နယ်ကို အကြမ်းဖျဉ်း သိန်း (၅၀) စီ ပုသိမ်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ရွာတွေအတွက် သိန်း (၂၀၀) လှူဖို့ ရာထားကြောင်း၊ လှူတာအားလုံးကိုတော့ တာဝန်ရှိသူ အုပ်ချူပ်ရေး အာဏာပိုင်တွေရဲ့ ပေးတဲ့ သတင်းအချက်အလက်များဖြင့်သာ သွားရောက်လှူဒါန်းခြင်းဖြစ်ကြောင်း၊ ရေကြီးမှု အဆိုးရွားဆုံးဖြစ်နေသည့် နေရာများ နှင့် ကယ်ဆယ်ေ၇းပစ္စည်း အရေးပေါ်လိုအပ်သည့် ရွာများကို ဦးစားပေးပြီး လှူဒါန်းခဲ့ကြောင်း၊ လူမျိုးမရွေးဘာသာမရွေး ဒုက္ခရောက်သူ အားလုံးကို လှုဒါန်းခဲ့တာဖြစ်ကြောင်း " ရှင်းပြခဲ့ပါသည်။








0 comments:

Post a Comment

Donation Group

Blog Archive