Sunday, 16 October 2016

မြန်မာ-ရှီအာ မွတ်စလင်မ် မိသားစု ရန်ကုန် ဆေးရုံကြီးတွင် အာဟာရ လှူဒါန်းပြီး စုပေါင်း သန့်ရှင်းရေးလုပ်

အောက်တိုဘာ ၁၆၊ ၂၀၁၆
M-Media
မိုးစက်
.



ရန်ကုန်။ ။ မြန်မာရှီအာမွတ်စလင်မ် မိသားစုများမှ စုပေါင်းပြုလုပ်သည့် အာရှုရာနေ့အထိမ်းအမှတ် အာဟာရဒါနပြုလှူဒါန်းခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်း ကို အောက်တိုဘာလ ၁၆ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံး အထူးပြုလူနာဆောင် တွင် ပြုလုပ်ခဲ့ပါတယ်။
.



နှလုံးလူနာဆောင်တစ်ခုလုံးရှိ လူနာများကို ဆန်ပြုတ်အာဟာရပြုခဲ့ပြီး လူနာများအတွက် လိုအပ်သည့် ပစ္စည်းများကိုလည်း ပေးအပ် ခဲ့ကြပါတယ်။ ဆေးရုံအနီးတစ်ဝိုက်ကိုလည်း မြန်မာရှီအာမွတ်စလင်မ် မိသားစုများမှ စုပေါင်းပြီး သန့်ရှင်းရေးလည်း ပြုလုပ်ခဲ့ကြပါတယ်။
.



"ကျွန်တော်တို့ ကိုးကွယ်တာကသာ အစ္စလာမ်ဘာသာဖြစ်နေပေမယ့် ကိုယ်မွေးဖွားလာရာတိုင်းပြည် ကိုယ်ရှင်သန်လာရာတိုင်းပြည် ကလူ့မှုအဖွဲ့အစည်းအသိုင်းအဝန်းနဲ့အတူ သဟဇာတဖြစ်အောင် နေနေတယ် ဆိုတဲ့ ရည်ရွယ်ချက်၊ နောက်ပြီး တမန်တော်မြတ်ကြီး မိန့်ဆိုထားတာရှိပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်က လူတစ်ယောက်က ဗိုက်ဆာပြီး ဗိုက်ဟောင်းလောင်းနဲ့ နေနေရရင် အဲ့ဒါကိုသိပြီး မကူညီတဲ့သူက မွတ်စလင်မဟုတ်ဘူးဆိုပြီး မိန့်ခဲ့ဖူးပါတယ်။ အဲ့ဒီအသိတွေက ကျွန်တော်တို့ကို အာဟာရတွေများမျာ လှူဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်" မြန်မာရှီအာ မွတ်စလင်မ် မိသားစုမှ ကိုမျိုးမင်းက အာဟာရပြုလှူဒါန်းခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ဆိုခဲ့ပါတယ်။




အဆိုပါအဖွဲ့မှ ၎င်းလှူဒါန်းမှုများအပြင် အာရှုရာနေ့အထိမ်းအမှတ် အလှူအဖြစ် သွေးလှူဒါန်းခြင်းနှင့် မိဘမဲ့ဂေဟာသို့ သွားရောက်ပြီး ကလေးများအား ပစ္စည်းများ လှူဒါန်းခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။




.
မြန်မာရှီအာမွတ်စလင်မ် မိသားစုအဖွဲ့မှ စုပေါင်းပြီး ပညာရေးပိုင်းဆိုင်ရာလုပ်ငန်းများနှင့် ပတ်သတ်ပြီး ဆက်လက်လုပ်ဆောင်သွားရန် ရှိကြောင်းနှင့် ပညာတတ်လူငယ်များ ပေါ်ထွက်လာဖို့ လုပ်ကိုင်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ရေရှည်လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး သိရပါတယ်။
.
http://www.m-mediagroup.com/news/61087






Monday, 10 October 2016

ကရင်ပြည်နယ်မှ စစ်ဘေးရှောင် ပြည်သူများ အတွက် အစ္စလာမ်ကောင်စီ ဌာနချုပ်မှ အလှူငွေပေးအပ်



ကရင်ပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်မှ ငွေကျပ် သုံးဆယ့်ငါးသိန်းကို အောက်တိုဘာလ ၆ ရက်နေ့က လှူဒါန်းခဲ့ပါတယ်။
အဆိုပါ လှူဒါန်းငွေကို ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာကို အဓိကထား ရည်စူးလှူဒါန်းကြောင်း အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းက ဆိုပါတယ်။
“ဒုက္ခသည်တွေ စားရေးနဲ့ပတ်သတ်ပြီး တကယ်ကျပ်တည်းနေတယ်ဆိုတာ ကျွန်တော်တို့ သိရတဲ့အတွက် သူတို့လတ်တလော အဆင်ပြေစေဖို့အတွက် လှူဒါန်းရခြင်း ဖြစ်ပါတယ်” လို့ ဦးတင်မောင်သန်းက ထပ်လောင်းပြောဆိုခဲ့ပါတယ်။
အဆိုပါ လှူဒါန်းငွေကို အစ္စလာမ်သာသနာရေးရာ ကောင်စီမှ အဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များနှင့် ရင်းနှီးသူများမှ မတည် လှူဒါန်းခဲ့ကြောင်းလည်း သိရပါတယ်။
အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်အနေနှင့် သဘာဝဘေးနှင့် အခြားလိုအပ်သည့် မည်သည့်နေရာကိုမဆို လိုအပ်ချက်များအရ ဆက်လက်လှူဒါန်းသွားရန် အစီအစဉ်များ ရှိကြောင်းလည်း သိရပါတယ်။
M-Media
မိုးစက်

Donation Group