Monday, 10 October 2016

ကရင်ပြည်နယ်မှ စစ်ဘေးရှောင် ပြည်သူများ အတွက် အစ္စလာမ်ကောင်စီ ဌာနချုပ်မှ အလှူငွေပေးအပ်



ကရင်ပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်မှ ငွေကျပ် သုံးဆယ့်ငါးသိန်းကို အောက်တိုဘာလ ၆ ရက်နေ့က လှူဒါန်းခဲ့ပါတယ်။
အဆိုပါ လှူဒါန်းငွေကို ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာကို အဓိကထား ရည်စူးလှူဒါန်းကြောင်း အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းက ဆိုပါတယ်။
“ဒုက္ခသည်တွေ စားရေးနဲ့ပတ်သတ်ပြီး တကယ်ကျပ်တည်းနေတယ်ဆိုတာ ကျွန်တော်တို့ သိရတဲ့အတွက် သူတို့လတ်တလော အဆင်ပြေစေဖို့အတွက် လှူဒါန်းရခြင်း ဖြစ်ပါတယ်” လို့ ဦးတင်မောင်သန်းက ထပ်လောင်းပြောဆိုခဲ့ပါတယ်။
အဆိုပါ လှူဒါန်းငွေကို အစ္စလာမ်သာသနာရေးရာ ကောင်စီမှ အဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များနှင့် ရင်းနှီးသူများမှ မတည် လှူဒါန်းခဲ့ကြောင်းလည်း သိရပါတယ်။
အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်အနေနှင့် သဘာဝဘေးနှင့် အခြားလိုအပ်သည့် မည်သည့်နေရာကိုမဆို လိုအပ်ချက်များအရ ဆက်လက်လှူဒါန်းသွားရန် အစီအစဉ်များ ရှိကြောင်းလည်း သိရပါတယ်။
M-Media
မိုးစက်

0 comments:

Post a Comment

Donation Group