Thursday, 24 March 2016

မူဆယ် အစ္စလာမ်လူငယ်အသင်းမှ ခြင်ဆေးဖျန်းစက်များလှူဒါန်း

၂၄၊ ၃၊ ၂၀၁၆
မူဆယ် အစ္စလာမ်လူငယ် လူမှုကူညီရေးအသင်းနှင့် မောင်စိန်ဝင်းနှင့်ညီများ Trading Co.Ltd. တို့ ပူးပေါင်းပြီး မူဆယ်မြို့နယ်အတွင်းရှိ ရွက်တော်အုပ်စု ကျေးရွာ နှင့် စယ်လန့်ကျေးရွာများ အတွက် ခြင်ဆေးဖျန်းစက်များကို အဆိုပါ ကျေးရွာ အုပ်ချူပ်ရေးမှူးများထံ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
Photo and info - မူဆယ်အစ္စလာမ်လူငယ် လူမှုကူညီရေးအသင်း FB





နမ်ဆန် မီးဘေးသင့်သူများကို မစီဒီခန်း ဗလီ တာမွေလူငယ်များ အဖွဲ့မှ ငွေကျပ် ၆၂ သိန်းကျော်လှူဒါန်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နမ့်ဆန်မြို့ အတွက် ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ၊ မစီဒီးခန်း ဗလီကြီးမှ တာမွေလူငယ်များ (လူမျိုးဘာသာမရွေး) သာရေး နာရေးကူညီမှုအသင်းက အဖွဲ့ဝင်များဟာ မတ်လ ၂၃ ရက်နေ့တွင် သွားရောက်ပြီး ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
ထိုသို့ လှူဒါန်းရာတွင် အိမ်ထောင်စု တစုလျှင် ကျပ်ငွေ ၃၀,၀၀၀ (သုံးသောင်း) နှုန်းဖြင့် အိမ်ထောင်စု စုစုပေါင်း (၂၀၉) စုအတွက် ငွေကျပ် (၆၂) သိန်းကျော် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုအတွင်း အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၁၅၀၀ ကျော် မီးဘေးသင့်ခဲ့သည်ဟု သိရှိရပါတယ်။
Photo and Info- Tin Ko Ko FB


မမလ ဌာနချူပ် မှ ဦးစီးပြီး အကြိမ်(၂၀) မြောက် စုပေါင်း သွေးလှူ၊ ၊ ယခုထိ (၄၃၂၉ ) ဦး သွေးလှူဒါန်းနိုင်ခဲ့

မတ် ၂၀၊ ၂၀၁၆
M-Media
သတင်း/ဓာတ်ပုံ - မိုးစက်
မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့မှ ဦးစီးပြီး အကြိမ် (၂၀) မြောက် စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့ မနက်(၈) နာရီအချိန်၌ ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ သွေးလှူဒါန်းမှုတွင် လူမျိုးစုံ၊ ဘာသာစုံမှ (၁၅၉) ဦး သွေးလှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
မမလ ဌာနချူပ် အနေဖြင့် (၈၊၃၊၂၀၀၉) ခုနှစ်မှ စတင်ပြီး ၄ လ တကြိမ်ပုံမှန် သွေး လှူဒါန်းမှု ပြုလုပ်ခဲ့ရာ ယခု စုပေါင်းသွေး လှူဒါန်းမှုမှာ အကြိမ် (၂၀) မြောက်ဖြစ်ပြီး စုစုပေါင်း ၄၃၂၉ ဦး လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ်။



















Saturday, 19 March 2016

မ.မ.လ ဌာန ချူပ်မှ ဦးဆောင်ပြိး အကြိမ် (၂၀) မြောက် စုပေါင်းသွေးလှူပွဲ

မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ(ဘာသာရေး) အဖွဲ့ 
မ.မ.လ ဌာန ချူပ်မှ ဦးဆောင်ပြိး အကြိမ် (၂၀) မြောက် စုပေါင်းသွေးလှူပွဲကို မနက်ဖြန် ပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။


Monday, 7 March 2016

ရေလိုအပ်သည့် ဒေသများသို့ လှူဒါန်းဖို့ PCN အဖွဲ့မှ နှိုးဆော်ဖိတ်ခေါ်ထား

ဒလပညာဒါန သင်တန်း အာစရိယ ပူဇော်ပွဲကျင်းပ

4.3.2016 စံတော်ချိန်သတင်းစာ

#PCN


ဒလမြို့နယ် ကမာကဆစ် အနောက်ကျောင်းတိုက် တက္ကသိုလ်ဝင်တန်း ပညာဒါန သင်တန်းဆင်းပွဲကျင်းပ

4.3.2016 The Voice Daily

We Family ပရဟိတအဖွဲ့ရဲ့ တတိယအကြိမ်မြောက် နွေရာသီသင်တန်းစတင်ဖွင့်လှစ်

မတ်လ ၅၊ ၂၀၁၆
ဈာန်သစ်အောင်
We Family ပညာရေးနှင့် လူမှုဘ၀မြှင့်တင်ရေး ပရဟိတ အဖွဲ့ကနေ ကျောင်းသားကလေးတွေအတွက် တတိယအကြိမ်မြောက် နွေရာသီသင်တန်းကို ကျောင်းသား ၁၃၇ ဦးနဲ့ မန္တလေးမြို့ သိုးခြံရပ်ကွက်မှာ ယနေ့စတင်ဖွင့်လှစ်လိုက်ပါတယ်။
ပထမဆုံးစလုပ်ဖြစ်တဲ့နိယသ်က
တမန်တော်မြတ် (ဆွ) သခင်ရဲ့ နည်းချင်နည်းပါစေ။ အမြဲလုပ်နေပါ ဆိုတဲ့စကားလေးအတိုင်း အလှူရှင်တွေ မန်ဘာတွေက တစ်လကို ၂၀၀၀ စီစုပါတယ်။ကျွန်တော်တို့ဆီမှာအလှူငွေနဲ့ ပါဝင်ချင်ရင်လည်းရတယ်။လုပ်အားနဲ့ကူညီချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ဆီမှာ ရပါတယ်။နှစ်ခုစလုံးဆိုရင်တော့ ပိုပြီးတော့အဆင်ပြေတာပေါ့”လို့ We Family ရဲ့ဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုရဲသီဟ ကပြောပါတယ်။
We Family Summer Course မှာ အသက် ၇နှစ်ကနေ ၁၄နှစ်အထိကျောင်းသားများကို Level (အဆင့်) သုံးဆင့် သတ်မှတ်ထားပြီးတော့ သချာင်္၊ အင်္ဂလိပ်၊ အထွေထွေဗဟုသုတ၊ အသုံးချသိပ္ဗံပညာစတဲ့ ဘာသာရပ်တွေအပြင်စာကြည့်တိုက်အချိန်တစ်ချိန်ဆိုပြီးတော့လည်း သတ်မှတ်ထားပါတယ်။တစ်ပတ် ၅ ရက်ဖွင့်လှစ်တဲ့ နွေရာသီသင်တန်းရဲ့
သင်တန်းအချိန်ကတော့ နံနက် ၉ နာရီကနေ ၁၂ နာရီအထိဖြစ်ပြီး ကြာသပတေးနဲ့သောကြာ ၂ ရက်ကိုတော့ ပိတ်ရက်အဖြစ်သတ်မှတ်ပေးထားပါတယ်။သင်တန်းကာလကိုတော့ နွေရာသီကျောင်းပိတ်ရက် ၃ လအတွင်းဖွင့်လှစ်ဖို့သတ်မှတ်ထားပါတယ်။
နွေရာသီသင်တန်းကျောင်းသားတွေ အဆင်ပြေစေဖို့အတွက် ပန်ကာ ၅ လုံးလိုအပ်နေပြီး စာသင်ကြားရာမှာအထောက်အကူဖြစ်ဖို့ Flat TV တစ်လုံးလိုအပ်နေတယ်လို့သိရပါတယ်။
“အစ်မတို့ကျောင်းကအောင်သွားတဲ့ကလေးတွေက စာတွေအရမ်းတော်တယ်လို့တော့သတင်းမထွက်ပါဘူး။လူမှုရေးမှာတော့ သူများမကောက်တဲ့အမှိုက်တွေကောက်ပေးတတ်တယ်။သူများကိုလမ်းဖယ်ပေးတတ်တယ်။သူများကိုနေရာပေးတတ်တယ်။အရင်ကချောင်ထဲမှာပဲနေတတ်တဲ့ကလေးတွေက ရှေ့ထွက်လာတတ်တယ်”လို့ သင်တန်းမှူးဆရာမ မနော်ဇာက Myanmar Muslim Media ကိုပြောပါတယ်။
We Family ပညာရေးနှင့်လူမှုဘ၀မြှင့်တင်ရေး ပရဟိတ အဖွဲ့ကို လူမျိုးဘာသာမရွေးရဲ့ ပညာရေးနှင့်လူမှုဘ၀မြှင့်တင်ရေး လုပ်ငန်းတွေကိုလုပ်ဆောင်ဖို့ မလေးရှားနိုင်ငံ၊ ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာရှိတဲ့ လူငယ်တချို့ပူးပေါင်းပြီး၂၀၁၃ ခုနှစ်က စတင်ထူထောင်ခဲ့တာဖြစ်ပါတယ်။ ပညာရေးနှင့်လှုမှုဘ၀မြှင့်တင်ရေးသင်တန်းများဖွင့်လှစ်ခြင်း ၊ သဘာဝဘေးအန္တရာယ်ခံစားရသူတွေကို ကူညီပေးခြင်း ၊ ပဋိပက္ခဖြစ်ရာ ဒေသတွေက သူတွေကို ကူညီပေးခြင်း စတဲ့ လူမှုရေးလုပ်ငန်းတွေကိုလုပ်ဆောင်ပေးနေတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။
အခမဲ့သင်တန်းဖြစ်တဲ့အတွက် သင်တန်းရဲ့လိုအပ်ချက်တွေ ကူညီထောက်ပံ့လိုသူတွေအနေနဲ့
We Family ရဲ့ ဖဘစာမျက်နှာ (https://www.facebook.com/We-Family-1406243352950747/… ) ကို ဆက်သွယ်နိုင်သလို ကိုရဲသီဟ (၀၉ ၉၇ ၄၃၄၆ ၄၀၀) ၊ မနော်ဇာ (၀၉ ၉၇ ၅၃၀ ၂၆၁၀)တို့ကို ဆက်သွယ်ပြီးပါဝင်ကူညီနိုင်ပါတယ်။
ဓာတ်ပုံ၊ We- Family ဖဘ စာမျက်နှာ



Friday, 4 March 2016

MIYF မွတ်စလင်မ်လူငယ် ပရဟိတအဖွဲ့မှ မိဘမဲ့ကျောင်း ကလေးများအတွက် ဆန်၊ဆီ နှင့် နေလည်စာ လှူဒါန်း

ရန်ကုန် အခြေစိုက် မွတ်စလင်မ် လူငယ်များ ဦးဆောင်ဖွဲစည်းထားသော MIYF Myanmar Islamic Youth Foundation ပရဟိတ အဖွဲမှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် သနပ်ချောင်းကျေးရွာ အုပ်စုရှိ အဝါရောင်မျိုးဆက်သစ်လူငယ် ပရဟိတ အသင်းမှ ဖွင့်လှစ်ထားသော YGW မိဘမဲ့ကျောင်း နှင့် ဘုန်တော်ကြီးသင် ပညာရေးကျောင်းသို့ သွားရောက်၍ ကျောင်းရှိ မိဘမဲ့ကလေးငယ်၂၀ ကျော် နှင့် ကျောင်းနေ/စားကလေး ၁၀၀ ကျော် စုစုပေါင်း ကလေး ၁၂၆ ဦးအတွက် လိုအပ်နေသော ဆန် ၊ ဆီ ၊ ဆပ်ပြာမှုန့် ၊ နို့အေး နှင့် သရေစာမုန့်မျိုးစုံတို့ကို လှူဒါန်းခဲ့ပြီး ကလေးငယ် များကို နေ့လည်စာ ထမင်းကျွေးမွေးခဲ့ကြောင်း အဆိုပါ ပရဟိတ အဖွဲ့ရဲ့ Official FB စာမျက်နှာတွင် ဖော်ပြချက်အရ သိရှိရပါတယ်။








တက္ကသိုလ်ဝင်တန်း အထောက်အကူပြု ပညာဒါန သင်တန်းဆင်းပွဲ ကျင်းပ

မတ် ၃ ၊ ၂၀၁၆
M-Media
သတင်း – ဟိန်းထက်

ဒလ မြို့နယ် ကမာကဆစ် အနောက်ကျောင်းတိုက် ဦးဆောင်ဆရာတော်ကြီး ဦးဧသိကနှင့် ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်(PCN) တို့ပူးပေါင်းဆောင်ရွက်မှု့ဖြင် ဖွင့်လှစ်သော ပညာဒါန သင်တန်းဆင်းပွဲကို မတ်လ ၂ရက်နေ့က အဆိုပါ ကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။
အဆိုပါ ပညာဒါန သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ "တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ပညာရေးဖြင့် လောကကို အလှဆင်လိုသူ အနာဂတ်လူငယ်တွေအတွက် အထူးရည်ရွယ်ပါတယ်။ မြန်မာနိုင်ငံမှာ တက္ကသိုလ်ဝင်တန်း(၁၀တန်း) စာမေးပွဲဟာ နှစ်စဉ်ဖြေဆိုသူ ၅သိန်းကျော်ရှိပေမယ့် အောင်မြင်သူပေါင်းဟာ တစ်သိန်းခုနှစ်သောင်းကျော်သာရှိပါတယ်။ ရာခိုင်နှုန်း၃၀ ကျော်လောက်သာ အောင်မြင်ကြပါတယ်။
မြန်မာနိုင်ငံမှ ပညာဒါနသင်တန်းတွေ သူ့နည်းသူ့ဟန်နဲ့ရှိကြသော်လည်း ဆင်ပါးစပ် နှမ်းပက်သလိုသာ ဖြစ်နေပါတယ်။ အလွန်းနည်းပါးလှပါတယ်။ ကျွန်တော်တို့ ဒီ ဒလမြို့နယ်မှာ တက္ကသိုလ်ဝင်တန်း ပညာဒါနဖွင့်လှစ်ရခြင်းရဲ့ရည်ရွယ်ချက်မှာ ဒီဒလမြို့နယ်မှာ ငွေကြေး အခက်အခဲရှိ၍ ကျူရှင်မတက်နိုင်သူ ပညာလိုချင် စိတ်ရှိသူ ကျောင်းသားကျောင်းသူများကို ရည်ရွယ်ပြီး ဒီသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ် " လို့ ဦးဆောင်ဆရာများကိုယ်စား ၂၀၀၉ ခုနှစ်ကတည်းက ဒလပညာဒါန သင်တန်းတွင် အင်္ဂလိပ်စာ သင်ကြားပေးနေသော ဆရာဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ်)က ပြောပါတယ်။
ပညာဒါန သင်တန်းကို ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရည်မှန်းကာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ကတည်းက ရက်ပေါင်း ၁၀၀ကျော် ဖွင့်လှစ် သင်ကြားပေးခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
သင်တန်းကာလအတွင်း သင်တန်းသား သင်တန်းသူ ၅၀ ကျော် တက်ရောက် သင်ယူခဲ့ပြီး ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမ ၁၇ ဦးတို့က သက်ဆိုင်ရာ ဘာသာရပ်များကို ပို့ချခဲ့ပါတယ်။
သင်တန်းကာလအတွင်း သင်တန်းသားများအတွက် လိုအပ်သော စာရွက်စာတမ်းများ ၊ စာရေးကိရိယာများ၊ ဘာသာစုံ မေးခွန်းဟောင်းများ၊ ဘာသာရပ်ဆိုင်ရာ အထူးမှတ်စုများ ၊ကျောင်းဝတ်စုံ တစ်ထည်တို့ကို ဝေငှ ထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။

်သင်တန်း ဆင်းပွဲ အခမ်းအနားကို ဦးဆောင်ဆရာတော်ကြီးနှင့်အတူ ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက်PCN မှ တာဝန်ရှိသူများ၊ အနောက်ပိုင်းတက္ကသိုလ်မြန်မာစာပါမောက္ခ ဒေါက်တာစိုးနိုင်၊ ပညာဒါန ဆရာဆရာမများ ၊ ကျောင်းသားကျောင်းသူများနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ကြပါတယ်။
ဒါ့အပြင် ဒလမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ၊ မြို့နယ်ပညာ/ကျန်းမာရေးဖောင်ဒေးရှင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ တို့မှ တာဝန်ရှိသူများ ၊ အထူးဖိတ်ကြားထားသောဧည့်သည်များ စုစုပေါင်း ၁၀၀ ကျော်တက်ရောက်အားပေးကြပါတယ်။
ယခုကဲ့သို့ ပညာဒါနသင်တန်းများကို ၂၀၀၉ ခုနှစ်ကတည်းက အစ္စလာမ်ဘာသာဝင်ဆရာအများစု ဦးစီး၍ သင်ကြား ဖွင်လှစ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
သင်တန်းဆင်းပွဲတွင် "ထွေးဦးမြန်မာရုပ်သေးအဖွဲ့"မှ တင်ဆက် ဖျော်ဖြေ ကပြဖျော်ဖြေခဲ့ကြောင်း သတင်းရရှိပါတယ်။

http://www.m-mediagroup.com/news/53239

ဖျောက်ဆိပ်ကုန်း ကျေးရွာ မီးဘေးသင့်သူ ကို တောင်တွင်းကြီးမြို့ခံ မွတ်စလင်မ်များ သွားရောက်ကူညီ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ညာဂမိုးအုပ်စု၊ ဖျောက်ဆိပ်ကုန်း ကျေးရွာတွင် ဖေဖော်ဝါရီလ (၂၉) ရက် မွန်းလွဲ (၃)နာရီဲ အချိန်ခန့်မှ စတင်ကာ မီးလောင်မှုဖြစ်ပွားခဲ့ရာ ၊ အိမ်ခြေ (၃၀၀) ခန့် တွင် ၁၀၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ပါတယ်။
အဆိုပါ မီးဘေးသင့်သူများမှ အိမ်ထောင်စု ၉၀ အတွက် တောင်တွင်းကြီးမြို့မှ အစ္စလာမ်ဘာသာဝင်များ စုပေါင်းပြီး မရှိမဖြစ် အိမ်သုံးပစ္စည်းများ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
လူမျိုးဘာသာမခွဲခြားဘဲ အိမ်ထောင်စု ၉၀ အတွက် ၁ အိမ်ထောင်လျှင် အောက်ဖော်ပြပါ မီးဖိုချောင်နှင့် နေ့စဉ် မရှိမဖြစ် လိုအပ်သော ပစ္စည်း (၁၇) မျိုး လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
၁။ ဒန်အိုး ၁လုံး
၂။ ဒယ်အိုး နှင့် ဒယ်အိုးဖုံးတစ်စုံ
၃။ စတီးပန်းကန်ပြား ၂ချပ်
၎။ စတီးဇွန်း ၂ချောင်း
၅။ စတီးဇလုံသေး တစ်လုံး
၆။ စတီးထမင်းအုပ် တစ်လုံး
၇။ စတီးဒါးတစ်ချောင်း
၈။ ဓာတ်ဘူးတစ်လုံး
၉။ စတီးသောက်ရေခွက် တစ်လုံး
၁၀။ ရေနွေးပန်းကန်လုံး ၂လုံး
၁၁။ ပလပ်စတစ်ရေပုံး တစ်လုံး
၁၂။ ပလပ်စတ်ရေဇလား တစ်လုံး
၁၃။ ရေဖလား တစ်လုံး
၁၄။ ၃ဆင့် စတီးချိုင့် တစ်လုံး
၁၅။ ရေစစ် တစ်ခု
၁၆။ ယောက်မ တစ်ချောင်း
၁၇။ ဖူဂျီဆပ်ပြာဘူး တစ်ဗူး
စုစုပေါင်း ပစ္စည်း ၁၇ မျိုး ဖြစ်ပါတယ်။
ကျေးရွာသူရွာသားများမှလည်း ယခုလို လူမျိုးဘာသာမခွဲခြားကြဘဲ ကိုယ်ချင်းစာစိတ်အပြည့်ဖြင့် လာရောက်လှူဒါန်းကြသည့် တောင်တွင်းကြီး မွတ်စလင်များကို အလွန်ကျေးဇူးတင်ရှိကြောင်း ဝမ်းသာအားရ ပြောကြားခဲ့ကြောင်း သိရပါတယ်။
တဆက်ထဲမှာပဲ ဖျောက်ဆိပ်ကုန်းဘုန်းတော်ကြီးကျောင်း ဆရာတော်အားလည်း ရေသန့်စက် နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ပြီး ဆရာတော်ကြီးမှလည်း ခုလို လာရောက်ကူညီကြခြင်းအတွက် ဝမ်းမြောက်ကြောင်း လူမျိုးဘာသာ မတူကြပေမယ့် တစ်မြေထဲနေ တစ်ရေထဲသောက် ကူညီစရာရှိလျှင် အပြန်အလှန် ကူညီကြရမှာ ဖြစ်ကြောင်း သြဝါဒ မြွက်ကြွားခဲ့ကြောင်း သိရပါတယ်။
Photo and Info- Soemyint Lay FB

 




Tuesday, 1 March 2016

မွတ်စလင်များရဲ့ မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ်ဆေးခန်း

မုံရွာနယ်က လမ်းအလုပ်သမားတစ်ယောက် နှလုံးဆို့ရှင်တွေ ပျက်ဆီးလို့ ဆေးရုံတက်ရပါတယ်။ နှလုံးခွဲစိတ်ကုသရမယ်၊ မကုသနိုင်ရင်တော့ အသက်ရှည်ဖို့ ခက်တယ်။ လမ်းခင်းရာမှာ အလုပ်ကြမ်းလုပ်ရတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ငွေကျပ်သိန်း ၂၀-၂၅ လောက် အကုန်အကျခံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလိုအခြေအနေမှာ နတ်ပြည်က သိကြားမင်းဆင်းကယ်သလို ကူညီမယ့်သူပေါ်လာတယ်။ မြင့်မြတ်ဖြူစင်တဲ့။
မြင့်မြတ်ဖြူစင်ဆိုတာ မွတ်စလင် ကုသိုလ်ဖြစ်အထူးကု ဆေးခန်းပါ။ မန္တလေးမြို့ စကြာနွယ်စင်ရပ်မှာ တည်ရှိတယ်။ လူမျိုး၊ ဘာသာမရွေး လူတန်းစား မခွဲခြားဘဲ ကျန်းမာရေးအတွက် အကူအညီပေးနေသူတွေ ဖြစ်ပါတယ်။




Donation Group

Blog Archive