Friday, 4 March 2016

MIYF မွတ်စလင်မ်လူငယ် ပရဟိတအဖွဲ့မှ မိဘမဲ့ကျောင်း ကလေးများအတွက် ဆန်၊ဆီ နှင့် နေလည်စာ လှူဒါန်း

ရန်ကုန် အခြေစိုက် မွတ်စလင်မ် လူငယ်များ ဦးဆောင်ဖွဲစည်းထားသော MIYF Myanmar Islamic Youth Foundation ပရဟိတ အဖွဲမှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် သနပ်ချောင်းကျေးရွာ အုပ်စုရှိ အဝါရောင်မျိုးဆက်သစ်လူငယ် ပရဟိတ အသင်းမှ ဖွင့်လှစ်ထားသော YGW မိဘမဲ့ကျောင်း နှင့် ဘုန်တော်ကြီးသင် ပညာရေးကျောင်းသို့ သွားရောက်၍ ကျောင်းရှိ မိဘမဲ့ကလေးငယ်၂၀ ကျော် နှင့် ကျောင်းနေ/စားကလေး ၁၀၀ ကျော် စုစုပေါင်း ကလေး ၁၂၆ ဦးအတွက် လိုအပ်နေသော ဆန် ၊ ဆီ ၊ ဆပ်ပြာမှုန့် ၊ နို့အေး နှင့် သရေစာမုန့်မျိုးစုံတို့ကို လှူဒါန်းခဲ့ပြီး ကလေးငယ် များကို နေ့လည်စာ ထမင်းကျွေးမွေးခဲ့ကြောင်း အဆိုပါ ပရဟိတ အဖွဲ့ရဲ့ Official FB စာမျက်နှာတွင် ဖော်ပြချက်အရ သိရှိရပါတယ်။








0 comments:

Post a Comment

Donation Group

Blog Archive