မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ညာဂမိုးအုပ်စု၊ ဖျောက်ဆိပ်ကုန်း ကျေးရွာတွင် ဖေဖော်ဝါရီလ (၂၉) ရက် မွန်းလွဲ (၃)နာရီဲ အချိန်ခန့်မှ စတင်ကာ မီးလောင်မှုဖြစ်ပွားခဲ့ရာ ၊ အိမ်ခြေ (၃၀၀) ခန့် တွင် ၁၀၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ပါတယ်။
အဆိုပါ မီးဘေးသင့်သူများမှ အိမ်ထောင်စု ၉၀ အတွက် တောင်တွင်းကြီးမြို့မှ အစ္စလာမ်ဘာသာဝင်များ စုပေါင်းပြီး မရှိမဖြစ် အိမ်သုံးပစ္စည်းများ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
လူမျိုးဘာသာမခွဲခြားဘဲ အိမ်ထောင်စု ၉၀ အတွက် ၁ အိမ်ထောင်လျှင် အောက်ဖော်ပြပါ မီးဖိုချောင်နှင့် နေ့စဉ် မရှိမဖြစ် လိုအပ်သော ပစ္စည်း (၁၇) မျိုး လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
၁။ ဒန်အိုး ၁လုံး
၂။ ဒယ်အိုး နှင့် ဒယ်အိုးဖုံးတစ်စုံ
၃။ စတီးပန်းကန်ပြား ၂ချပ်
၎။ စတီးဇွန်း ၂ချောင်း
၅။ စတီးဇလုံသေး တစ်လုံး
၆။ စတီးထမင်းအုပ် တစ်လုံး
၇။ စတီးဒါးတစ်ချောင်း
၈။ ဓာတ်ဘူးတစ်လုံး
၉။ စတီးသောက်ရေခွက် တစ်လုံး
၁၀။ ရေနွေးပန်းကန်လုံး ၂လုံး
၁၁။ ပလပ်စတစ်ရေပုံး တစ်လုံး
၁၂။ ပလပ်စတ်ရေဇလား တစ်လုံး
၁၃။ ရေဖလား တစ်လုံး
၁၄။ ၃ဆင့် စတီးချိုင့် တစ်လုံး
၁၅။ ရေစစ် တစ်ခု
၁၆။ ယောက်မ တစ်ချောင်း
၁၇။ ဖူဂျီဆပ်ပြာဘူး တစ်ဗူး
စုစုပေါင်း ပစ္စည်း ၁၇ မျိုး ဖြစ်ပါတယ်။
၁။ ဒန်အိုး ၁လုံး
၂။ ဒယ်အိုး နှင့် ဒယ်အိုးဖုံးတစ်စုံ
၃။ စတီးပန်းကန်ပြား ၂ချပ်
၎။ စတီးဇွန်း ၂ချောင်း
၅။ စတီးဇလုံသေး တစ်လုံး
၆။ စတီးထမင်းအုပ် တစ်လုံး
၇။ စတီးဒါးတစ်ချောင်း
၈။ ဓာတ်ဘူးတစ်လုံး
၉။ စတီးသောက်ရေခွက် တစ်လုံး
၁၀။ ရေနွေးပန်းကန်လုံး ၂လုံး
၁၁။ ပလပ်စတစ်ရေပုံး တစ်လုံး
၁၂။ ပလပ်စတ်ရေဇလား တစ်လုံး
၁၃။ ရေဖလား တစ်လုံး
၁၄။ ၃ဆင့် စတီးချိုင့် တစ်လုံး
၁၅။ ရေစစ် တစ်ခု
၁၆။ ယောက်မ တစ်ချောင်း
၁၇။ ဖူဂျီဆပ်ပြာဘူး တစ်ဗူး
စုစုပေါင်း ပစ္စည်း ၁၇ မျိုး ဖြစ်ပါတယ်။
ကျေးရွာသူရွာသားများမှလည်း ယခုလို လူမျိုးဘာသာမခွဲခြားကြဘဲ ကိုယ်ချင်းစာစိတ်အပြည့်ဖြင့် လာရောက်လှူဒါန်းကြသည့် တောင်တွင်းကြီး မွတ်စလင်များကို အလွန်ကျေးဇူးတင်ရှိကြောင်း ဝမ်းသာအားရ ပြောကြားခဲ့ကြောင်း သိရပါတယ်။
တဆက်ထဲမှာပဲ ဖျောက်ဆိပ်ကုန်းဘုန်းတော်ကြီးကျောင်း ဆရာတော်အားလည်း ရေသန့်စက် နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ပြီး ဆရာတော်ကြီးမှလည်း ခုလို လာရောက်ကူညီကြခြင်းအတွက် ဝမ်းမြောက်ကြောင်း လူမျိုးဘာသာ မတူကြပေမယ့် တစ်မြေထဲနေ တစ်ရေထဲသောက် ကူညီစရာရှိလျှင် အပြန်အလှန် ကူညီကြရမှာ ဖြစ်ကြောင်း သြဝါဒ မြွက်ကြွားခဲ့ကြောင်း သိရပါတယ်။
Photo and Info- Soemyint Lay FB

0 comments:
Post a Comment