Saturday, 18 June 2016
Monday, 13 June 2016
စဉ့်ကိုင်မြို့နယ် ကြက်လျှာကျေးရွာသို့ လူနာတင်ယာဉ်လှူဒါန်း
ဇွန် ၁၃ ၊ ၂၀၁၆
M-Media
.
မန္တလေးတိုင်းဒေသကြီး ၊စဥ့်ကိုင်မြို့နယ် ၊ ကြက်လျှာကျေးရွာရှိ စိတ္တသုခ လူမှုကူညီရေး အသင်းသို့ လူနာတင်ယာဉ် တစ်စီးနှင့် ငွေလှူဒါန်းသည့် အခမ်းအနားကို ၂၀၁၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
.
အလှူရှင်မှာ မန္တလေးမြို့ ၂၅ လမ်းနေ ဟာဂျီဦးမြင့်သိန်း + ဟာဂျီမ ဒေါ်စန်းရီ (ရွှေမြိုင်သံဆိုင် မိသားစုဖြစ်ပြီး ) NISSAN ကုမ္ပဏီထုတ် ELGRAND အမျိုးအစား လူနာတင်ယာဉ်နှင့် အထွေထွေ အသုံးပြုရန် ပဒေသာပင် စိုက်ထူငွေ ကျပ် ၅ သိန်းကို လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
.
အလှူရှင်မိသားစုမှ အဆိုပါ လူနာတင်ယာဉ်ကို လူမျိုးဘာသာမရွေး၊ အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်၍ လှူဒါန်းတာဖြစ်ကြောင်း သိရှိရပါတယ်။
.
Photo and Info-BL Thura Aung

Sunday, 12 June 2016
၂၇ ကြိမ်မြောက် စေတမန်လူနာတင်ယာဉ်နှင့်လူမှု့ကူညီရေးအသင်းမှ ပေါင်မုန့်ထုပ်များကို ကုတင်၅၀၀ အရိုးဆေးရုံကြီးတွင်လှူဒါန်း
၂၇ ကြိမ်မြောက် စေတမန်လူနာတင်ယာဉ်နှင့်လူမှု့ကူညီရေးအသင်းမှ ပေါင်မုန့်ထုပ်များကို
ကုတင်၅၀၀ အရိုးဆေးရုံကြီးတွင်လှူဒါန်းပါသည်။
Credit:စေတမန် လူမှုကူညီရေး အသင်း
ကုတင်၅၀၀ အရိုးဆေးရုံကြီးတွင်လှူဒါန်းပါသည်။
Credit:စေတမန် လူမှုကူညီရေး အသင်း
ပြင်ဦးလွင်မှ အမက ကျောင်းသို့ Myanmar Islamic Youth Foundation မှ ဗလာစာအုပ်များလှူဒါန်း
၁၀-၆-၂၀၁၆
Myanmar Islamic Youth Foundation (MIYF) မှ ပြင်ဦးလွင်မြို့ အ.မ.က (၂) ကျောင်း အခြေခံပညာကျောင်းသားများအတွက် ကျောင်းသုံး ဗလာစာအုပ် ဒါဇင် (၁၀၀) ကို ပေးဝေလှူဒါန်းခဲ့ပါကြောင်း သိရပါသည်။
အ.မ.က (၂) ပြင်ဦးလွင်မှ ကျောင်းသာ (၂၀၀) ဦး အတွက် တစ်ဦးလျင် (၆)အုပ်နှူန်းဖြင့် ဗလာစာအုပ်ဒါဇင် (၁၀၀) ပေးအပ်လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
Myanmar Islamic Youth Foundation ( MIYF) အသင်း ရန်ကုန်အခြေစိုက် မွတ်စလင်မ် လူငယ်များ ပရဟိတ အဖွဲ့ တခုဖြစ်ပြီး အမှန်တကယ် လိုအပ်ချက် ရှိသူများကို လူမျိုးဘာသာမခွဲခြားဘဲ တက်အားသ၍ ကူညီထောက်ပံ့ပေးနေသော အသင်းဖြစ်ကြောင်းသိရှိရသည်။
source: MIYF Myanmar Islamic Youth Foundation FB
Monday, 6 June 2016
လူမျိုး/ဘာသာမရွေး အခမဲ့ ကုသပေးမယ့် "ကျိုလီယာအထူးကုဆေးခန်း" ဖွင့်လှစ်
ဇွန် ၅ ၊ ၂၀၁၆(M-Media)။ ။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကျိုလီယာ မွတ်စလင်မ် သာသနာရေး အဖွဲ့ က ဖွင့်လှစ်တဲ့ လူမျိုး/ဘာသာမရွေး အခမဲ့ ကုသပေးမယ့် " ကျိုလီယာ အထူးကု ဆေးခန်း " ဖွင့်ပွဲကို ဇွန်လ ၄ ရက် မနက် ၉း၃၀ တွင် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ဗိုလ်ဆွန်ပက်လမ်း (အလယ်) အမှတ် ၁၁၄ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။
.
ဆေးခန်း ဖွင့်ပွဲ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦမြင့်ဌေး၊ ပန်းဘဲတန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကျသော ဦးနေဖူးဗဆွေ၊ ဦးဘမျိုးသိန်း၊ ဦးသန်းနိင်ဦး၊ ဒေါ်စိုးပပလှိုင် မြို့နယ်အလုပ်အမှုဆောင်များ ပါတီဝင်များ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မြို့နယ်အဆင့်ဋ္ဌာနဆိုင်ရာများ ဆရာဝန်များ "ကျိုလီယာ အထူးကုဆေးခန်း " ၏ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဧည့်သည်တော်များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြပါတယ်။
.
အဆိုပါ ကျိုလီယာ အထူးကုဆေးခန်းတွင် လူမျိုးဘာသာမရွေး အခမဲ့ ကုသနိုင်ကြောင်းသိရှိရပါတယ်။
.
သတင်း-သီဟ
ဓါတ်ပုံ Credit-- nld Pabedan FB,Ko Tin Shwe

Subscribe to:
Posts (Atom)