၁၀-၆-၂၀၁၆
Myanmar Islamic Youth Foundation (MIYF) မှ ပြင်ဦးလွင်မြို့ အ.မ.က (၂) ကျောင်း အခြေခံပညာကျောင်းသားများအတွက် ကျောင်းသုံး ဗလာစာအုပ် ဒါဇင် (၁၀၀) ကို ပေးဝေလှူဒါန်းခဲ့ပါကြောင်း သိရပါသည်။
အ.မ.က (၂) ပြင်ဦးလွင်မှ ကျောင်းသာ (၂၀၀) ဦး အတွက် တစ်ဦးလျင် (၆)အုပ်နှူန်းဖြင့် ဗလာစာအုပ်ဒါဇင် (၁၀၀) ပေးအပ်လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
Myanmar Islamic Youth Foundation ( MIYF) အသင်း ရန်ကုန်အခြေစိုက် မွတ်စလင်မ် လူငယ်များ ပရဟိတ အဖွဲ့ တခုဖြစ်ပြီး အမှန်တကယ် လိုအပ်ချက် ရှိသူများကို လူမျိုးဘာသာမခွဲခြားဘဲ တက်အားသ၍ ကူညီထောက်ပံ့ပေးနေသော အသင်းဖြစ်ကြောင်းသိရှိရသည်။
source: MIYF Myanmar Islamic Youth Foundation FB
0 comments:
Post a Comment