Monday, 13 June 2016

စဉ့်ကိုင်မြို့နယ် ကြက်လျှာကျေးရွာသို့ လူနာတင်ယာဉ်လှူဒါန်း

ဇွန် ၁၃ ၊ ၂၀၁၆
M-Media
.
မန္တလေးတိုင်းဒေသကြီး ၊စဥ့်ကိုင်မြို့နယ် ၊ ကြက်လျှာကျေးရွာရှိ စိတ္တသုခ လူမှုကူညီရေး အသင်းသို့ လူနာတင်ယာဉ် တစ်စီးနှင့် ငွေလှူဒါန်းသည့် အခမ်းအနားကို ၂၀၁၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
.
အလှူရှင်မှာ မန္တလေးမြို့ ၂၅ လမ်းနေ ဟာဂျီဦးမြင့်သိန်း + ဟာဂျီမ ဒေါ်စန်းရီ (ရွှေမြိုင်သံဆိုင် မိသားစုဖြစ်ပြီး ) NISSAN ကုမ္ပဏီထုတ် ELGRAND အမျိုးအစား လူနာတင်ယာဉ်နှင့် အထွေထွေ အသုံးပြုရန် ပဒေသာပင် စိုက်ထူငွေ ကျပ် ၅ သိန်းကို လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
.
အလှူရှင်မိသားစုမှ အဆိုပါ လူနာတင်ယာဉ်ကို လူမျိုးဘာသာမရွေး၊ အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်၍ လှူဒါန်းတာဖြစ်ကြောင်း သိရှိရပါတယ်။
.
Photo and Info-BL Thura Aung





0 comments:

Post a Comment

Donation Group