Tuesday, 6 September 2016

ရေဘေးသင့်သူတွေ အတွက် သိန်း ၁၀၀ အလှူ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ ပြည်ထောင်စုဝန်ကြီးသို့ပေးအပ်

စက်တင်ဘာ ၆ ၊ ၂၀၁၆
M-Media
.
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ သြဂုတ်လ ၂၆ ရက်နေ့တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနသို့ ရေဘေးသင့်ပြည်သူများ အတွက် ကျပ်သိန်းတစ်ရာ လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ် ခဲ့ကြောင်း စက်တင်ဘာ ၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာ ဖော်ပြပါတယ်။
.
အလားတူ ဧရာဝတီတိုင်း အတွင်းရှိ ရေဘေးသင့်ဒေသများဖြစ်သော ကြံခင်း၊ ဒါးက၊ အင်္ဂပူ၊ မြန်အောင်၊ ကန်ကြီးထောင့်၊ ညောင်တုန်း ၊ ကျောင်းကုန်း၊ ရေကြည်၊ ကျုံပျော် ၊ သာပေါင်း၊ ပုသိမ် စတဲ့ မြိ့နယ်များ အတွက်လည်း အလှူပစ္စည်း သိန်း ၅၀၀ ကျော်ဖိုးကို အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။
ရုပ်ပုံ- ၉-၆-၂၀၁၆ ကြေးမုံ
သတင်း-သီဟ



0 comments:

Post a Comment

Donation Group