Sunday, 16 October 2016

မြန်မာ-ရှီအာ မွတ်စလင်မ် မိသားစု ရန်ကုန် ဆေးရုံကြီးတွင် အာဟာရ လှူဒါန်းပြီး စုပေါင်း သန့်ရှင်းရေးလုပ်

အောက်တိုဘာ ၁၆၊ ၂၀၁၆
M-Media
မိုးစက်
.



ရန်ကုန်။ ။ မြန်မာရှီအာမွတ်စလင်မ် မိသားစုများမှ စုပေါင်းပြုလုပ်သည့် အာရှုရာနေ့အထိမ်းအမှတ် အာဟာရဒါနပြုလှူဒါန်းခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်း ကို အောက်တိုဘာလ ၁၆ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံး အထူးပြုလူနာဆောင် တွင် ပြုလုပ်ခဲ့ပါတယ်။
.



နှလုံးလူနာဆောင်တစ်ခုလုံးရှိ လူနာများကို ဆန်ပြုတ်အာဟာရပြုခဲ့ပြီး လူနာများအတွက် လိုအပ်သည့် ပစ္စည်းများကိုလည်း ပေးအပ် ခဲ့ကြပါတယ်။ ဆေးရုံအနီးတစ်ဝိုက်ကိုလည်း မြန်မာရှီအာမွတ်စလင်မ် မိသားစုများမှ စုပေါင်းပြီး သန့်ရှင်းရေးလည်း ပြုလုပ်ခဲ့ကြပါတယ်။
.



"ကျွန်တော်တို့ ကိုးကွယ်တာကသာ အစ္စလာမ်ဘာသာဖြစ်နေပေမယ့် ကိုယ်မွေးဖွားလာရာတိုင်းပြည် ကိုယ်ရှင်သန်လာရာတိုင်းပြည် ကလူ့မှုအဖွဲ့အစည်းအသိုင်းအဝန်းနဲ့အတူ သဟဇာတဖြစ်အောင် နေနေတယ် ဆိုတဲ့ ရည်ရွယ်ချက်၊ နောက်ပြီး တမန်တော်မြတ်ကြီး မိန့်ဆိုထားတာရှိပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်က လူတစ်ယောက်က ဗိုက်ဆာပြီး ဗိုက်ဟောင်းလောင်းနဲ့ နေနေရရင် အဲ့ဒါကိုသိပြီး မကူညီတဲ့သူက မွတ်စလင်မဟုတ်ဘူးဆိုပြီး မိန့်ခဲ့ဖူးပါတယ်။ အဲ့ဒီအသိတွေက ကျွန်တော်တို့ကို အာဟာရတွေများမျာ လှူဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်" မြန်မာရှီအာ မွတ်စလင်မ် မိသားစုမှ ကိုမျိုးမင်းက အာဟာရပြုလှူဒါန်းခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ဆိုခဲ့ပါတယ်။




အဆိုပါအဖွဲ့မှ ၎င်းလှူဒါန်းမှုများအပြင် အာရှုရာနေ့အထိမ်းအမှတ် အလှူအဖြစ် သွေးလှူဒါန်းခြင်းနှင့် မိဘမဲ့ဂေဟာသို့ သွားရောက်ပြီး ကလေးများအား ပစ္စည်းများ လှူဒါန်းခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။




.
မြန်မာရှီအာမွတ်စလင်မ် မိသားစုအဖွဲ့မှ စုပေါင်းပြီး ပညာရေးပိုင်းဆိုင်ရာလုပ်ငန်းများနှင့် ပတ်သတ်ပြီး ဆက်လက်လုပ်ဆောင်သွားရန် ရှိကြောင်းနှင့် ပညာတတ်လူငယ်များ ပေါ်ထွက်လာဖို့ လုပ်ကိုင်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ရေရှည်လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး သိရပါတယ်။
.
http://www.m-mediagroup.com/news/61087






Monday, 10 October 2016

ကရင်ပြည်နယ်မှ စစ်ဘေးရှောင် ပြည်သူများ အတွက် အစ္စလာမ်ကောင်စီ ဌာနချုပ်မှ အလှူငွေပေးအပ်



ကရင်ပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်မှ ငွေကျပ် သုံးဆယ့်ငါးသိန်းကို အောက်တိုဘာလ ၆ ရက်နေ့က လှူဒါန်းခဲ့ပါတယ်။
အဆိုပါ လှူဒါန်းငွေကို ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာကို အဓိကထား ရည်စူးလှူဒါန်းကြောင်း အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းက ဆိုပါတယ်။
“ဒုက္ခသည်တွေ စားရေးနဲ့ပတ်သတ်ပြီး တကယ်ကျပ်တည်းနေတယ်ဆိုတာ ကျွန်တော်တို့ သိရတဲ့အတွက် သူတို့လတ်တလော အဆင်ပြေစေဖို့အတွက် လှူဒါန်းရခြင်း ဖြစ်ပါတယ်” လို့ ဦးတင်မောင်သန်းက ထပ်လောင်းပြောဆိုခဲ့ပါတယ်။
အဆိုပါ လှူဒါန်းငွေကို အစ္စလာမ်သာသနာရေးရာ ကောင်စီမှ အဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များနှင့် ရင်းနှီးသူများမှ မတည် လှူဒါန်းခဲ့ကြောင်းလည်း သိရပါတယ်။
အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်အနေနှင့် သဘာဝဘေးနှင့် အခြားလိုအပ်သည့် မည်သည့်နေရာကိုမဆို လိုအပ်ချက်များအရ ဆက်လက်လှူဒါန်းသွားရန် အစီအစဉ်များ ရှိကြောင်းလည်း သိရပါတယ်။
M-Media
မိုးစက်

Tuesday, 6 September 2016

ရေဘေးသင့်သူတွေ အတွက် သိန်း ၁၀၀ အလှူ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ ပြည်ထောင်စုဝန်ကြီးသို့ပေးအပ်

စက်တင်ဘာ ၆ ၊ ၂၀၁၆
M-Media
.
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ သြဂုတ်လ ၂၆ ရက်နေ့တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနသို့ ရေဘေးသင့်ပြည်သူများ အတွက် ကျပ်သိန်းတစ်ရာ လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ် ခဲ့ကြောင်း စက်တင်ဘာ ၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာ ဖော်ပြပါတယ်။
.
အလားတူ ဧရာဝတီတိုင်း အတွင်းရှိ ရေဘေးသင့်ဒေသများဖြစ်သော ကြံခင်း၊ ဒါးက၊ အင်္ဂပူ၊ မြန်အောင်၊ ကန်ကြီးထောင့်၊ ညောင်တုန်း ၊ ကျောင်းကုန်း၊ ရေကြည်၊ ကျုံပျော် ၊ သာပေါင်း၊ ပုသိမ် စတဲ့ မြိ့နယ်များ အတွက်လည်း အလှူပစ္စည်း သိန်း ၅၀၀ ကျော်ဖိုးကို အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။
ရုပ်ပုံ- ၉-၆-၂၀၁၆ ကြေးမုံ
သတင်း-သီဟ



Tuesday, 23 August 2016

ကျောင်းကုန်းက ရေဘေးသင့်သူတွေကို (၅၇) သိန်းကျော်ဖိုးလှူဒါန်း

သြဂုတ် ၂၂ ၊ ၂၀၁၆
M-Media
.
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ရေဘေး ဒုက္ခကြုံတွေ့နေရသူများသို့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့ဝင်များ နှင့် ပုဇွန်တောင်မြို့နယ် မွတ်စလင်မ် လူငယ်များ သာရေးနာရေးအဖွဲ့တို့
ပူးပေါင်းပြီး သြဂုတ်လ ၂၁ ရက်နေ့က (ဆန်''ဆီ''ဆား''ဆေး) များ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
.
အမှတ်(၂)ကျောင်းကုန်း၊ အမှတ်(၃)ကျောင်းကုန်း၊ ဥယျာဉ်ကြီးဘုန်းကြီးကျောင်း၊ အညှာတန်းကျေးရွာ၊ ဒေါ့င်ကြီးရွာ၊ ဒေါင့်ကြီးရွာဘုန်းကြီးကျောင်း မှ ရေဘေးသင့်ပြည်သူများအတွက် စုစုပေါင်း ငွေကျပ် (၅၇) သိန်း ကျော်ဖို့ လှူဒါန်းခဲ့တာ ဖြစ်ကြောင်း သိရှိရသည်။
အလှူခရီးစဉ်တွင် ကျောင်းကုန်းဥယျာဉ်ကြီး ဘုန်းကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော်အား အလှူပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
.
**သတင်း နှင့် ဓါတ်ပုံ CJ တစ်ဦးမှ ပေးပို့ပါသည်။







Monday, 22 August 2016

ဧရာဝတီတိုင်း အတွင်း ရေဘေးသင့် မြို့နယ် ၇ ခုသို့ အစ္စလာမ်ဘာသာရေး အဖွဲ့မှ သိန်း(၅၀၀) လှူဒါန်း

သြဂုတ် ၂၂ ၊ ၂၀၁၆
M-Media
သတင်း-သီဟ
.
ဧရာဝတီတိုင်း ဒေသကြီး အတွင်း ဖြစ်ပွားနေသည့် ရေဘေး ဒုက္ခကြုံတွေ့နေရသည့် ပြည်သူများ အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ စုစုပေါင်း ကျပ်သိန်း (၅၀၀) ဖိုး ကယ်ဆယ်ေ၇း ပစ္စည်းများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
.
သြဂုတ်လ ၁၈ နေ့က ဧရာဝတီတိုင်း ဝန်ကြိးချူပ်အား အဆိုပါ အလှူ သိန်း(၅၀၀) လှူဒါန်း အခမ်းအနားဖြင့် ပေးအပ်လှူ ဒါန်း ခဲ့ပြီး အဆိုပါသိန်း(၅၀၀) ဖိုး အလှူပစ္စည်းများကို ရေဘေး သင့်ပြည်သူများကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းဖို့ ဝန်ကြီးချူပ် မန်းဂျော်နီထံ ညှိနှိုင်းခွင့်တောင်းခဲ့ရာ ခွင့်ပြုခဲ့သဖြင့် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ခံအလှူ အဖွဲ့များက အောက်ခြေထိ သွားရောက်လှူဒါန်းလျက် ရှိကြောင်းသိရသည်။
.
ထိုသို့ သွားရောက် လှူဒါန်းသည့် အဖွဲ့မှ တာဝန်ရှိသူတဦးကို M-Media မှ ဆက်သွယ်မေးမြန်းခဲ့ရာ
" သာပေါင်း၊ ရေကြည်၊ ကန်ကြီးထောင့်၊ ညောင်တုံး၊ ကျောင်းကုန်း၊ ကျုံပျော် တမြို့နယ်ကို အကြမ်းဖျဉ်း သိန်း (၅၀) စီ ပုသိမ်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ရွာတွေအတွက် သိန်း (၂၀၀) လှူဖို့ ရာထားကြောင်း၊ လှူတာအားလုံးကိုတော့ တာဝန်ရှိသူ အုပ်ချူပ်ရေး အာဏာပိုင်တွေရဲ့ ပေးတဲ့ သတင်းအချက်အလက်များဖြင့်သာ သွားရောက်လှူဒါန်းခြင်းဖြစ်ကြောင်း၊ ရေကြီးမှု အဆိုးရွားဆုံးဖြစ်နေသည့် နေရာများ နှင့် ကယ်ဆယ်ေ၇းပစ္စည်း အရေးပေါ်လိုအပ်သည့် ရွာများကို ဦးစားပေးပြီး လှူဒါန်းခဲ့ကြောင်း၊ လူမျိုးမရွေးဘာသာမရွေး ဒုက္ခရောက်သူ အားလုံးကို လှုဒါန်းခဲ့တာဖြစ်ကြောင်း " ရှင်းပြခဲ့ပါသည်။








Sunday, 21 August 2016

မန္တလေးစိတ်ရောဂါဆေးရုံသို့ စေတမန်လူမှုကူညီရေးအဖွဲ့မှ ကြက်သားဒံပေါက် အထုတ် ၃၆၀ လှူဒါန်း

ယနေ့၂၁.၈ .၂၀၁၆ နေ့ညစာကိုစေတမန်လူမှုကူညီရေးအဖွဲ့မှမန္တလေးစိတ်ရောဂါဆေးရုံသို့ကြက်သားဒံပေါက်အထုပ်၃၆၀သွားရောက်လှူဒါန်းခခဲ့ပါသည်
Credit: စေတမန် လူမှုကူညီရေး အသင်း 





Tuesday, 16 August 2016

မွတ်စလင်မ်လူငယ် ပရဟိတ အဖွဲ့ (MIYF) မှ ရေဘေးသင့်သူများ အတွက် ပစ္စည်းများလှူ

သြဂုတ် ၁၆၊ ၂၀၁၆
M-Media
သတင်း- မိုးစက်
.
ရန်ကုန်။ ။ ဧရာဝတီတိုင်း ဒေသရှိ သာပေါင်းမြို့နှင့် ပဲခူးတိုင်း မိုးညို မြို့နယ်များရှိ ရေဘေးသင့် ပြည်သူများကို လူမျိုးဘာသာ မခွဲခြားဘဲ ရန်ကုန်အခြေစိုက် ပရဟိတ ကူညီရေးအဖွဲ့ဖြစ်တဲ့ Myanmar Islamic Youth Foundation (MIYF) မှ သွားရောက် ကူညီခဲ့ကြောင်း သိရပါတယ်။
.
အဆိုပါ အဖွဲ့သည် ယာယီကယ်ဆယ်ရေးစခန်း မှ ရေဘေးသင့်ပြည်သူများအား ဆန်၊အိတ်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ကုလားပဲ၊ ပေါင်မုန့်၊ မဆလာ၊ ဓါတ်ဆား၊ ငါးသေတ္တာ၊ အသင့်စား လက်ဖက် အကြော်စုံ၊ သောက်ရေသန့် တို့ကို အလျဉ်းသင့်သလို ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။
.
"ကျွန်တော်တို့ လှူတယ်ဆိုတာ လူမျိုးဘာသာ မရှိပါဘူး။ ရွာက တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီးတော့ တကယ်လိုအပ်နေတဲ့လူတွေကို လိုသလို ခွဲခြမ်းပြီး လှူဒါန်းခဲ့တာပါ" MIYF အဖွဲ့ မှ အတွင်းရေးမှူးက ပြောပါတယ်။
.
MIYF အဖွဲ့ သည် သာပေါင်းမြို့နယ်မှ ရေဘေးသင့်ပြည်သူများအတွက် ၁၉ သိန်းကျော်၊ မိုးညိုမှ ရေဘေးသင့်ပြည်သူများအတွက် ၃၉ သိန်းကျော် လှူဒါန်းခဲ့ပြီးလည်း ဖြစ်ကြောင်း သိရှိရပါတယ်။
.
အလှူငွေများမှာလည်း အဖွဲ့ဝင်များ လစဉ်ကြေးများ အပြင်၊ ရေဘေးအတွက် ပြင်ပမှ သီးသန့် လှူဒါန်းငွေများလည်း ရရှိခဲ့ကြောင်း ဆိုပါတယ်။
.
" ကျွန်တော်တို့ အစ္စလာမ်သာသာနာရဲ့ အဆုံးအမမှာ လူတွေရဲ့ အသက်ကို ကယ်ဖို့၊ တန်ဖိုးထားဖို့လည်း ဆိုထားပါတယ်။ ကျွန်တော်တို့ အခုလုပ်နေရတဲ့ ရည်ရွယ်ချက်တွေကလည်း ဘာသာတရားရဲ့ အဆုံးအမတွေကို လိုက်နာပြီးတော့ လူသားချင်း စာနာစိတ်နဲ့ ကူညီနေတာ ဖြစ်ပါတယ်" လို့ MIYF အဖွဲ့ မှ အတွင်းရေးမှူးက လှူဒါန်းရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ရှင်းပြပါတယ်။
.
Myanmar Islamic Youth Foundation ကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ကစတင်ဖွဲ့စည်းခဲ့ပြီး သဘာဝဘေးအန္တရယ်များ၊ ပညာရေးအတွက် လိုအပ်ချက်ရှိသော နေရာများကို အဓိက လိုက်လံကူညီနေသော အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
.
ဓါတ်ပုံ-MIYF Facebook Page






Friday, 12 August 2016

ပုဇွန်တောင်မွတ်စလင်မ် လူငယ်အသင်းမှ ဆေးရုံမှာ လူ ၆၀၀ စာ နေ့လည်စာလှူ

၂၀၁၆ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင်
ပုဇွန်တောင် မွတ်စလင်မ် လူငယ်များ သာရေး နာရေး
ကူညီမှုအသင်းမှ ရန်ကုန်အရှေ့ပိုင်း ဆေးကြီး၌
လူ ၆၀၀ စာ နေ့လည်စာ ထမင်းနှင့် ဟင်းများ
လှူဒါန်းခဲ့ကြောင်း သိရသည်။

Monday, 8 August 2016

မဟာမွန်မြတ်စေတနာ ပရဟိတအသင်း (ရန်ကုန်)

မဟာမွန်မြတ်စေတနာ ပရဟိတအသင်း (ရန်ကုန်)မှ အရေးပေါ်ကားသည် 04.08.2016 နံနက် 10:30 အချိန်တွင် သန်လျင်မြို့မှ ဘုန်းကြီးလမ်း မြတ်မေတ္တာဆေးရုံ သို့လည်းကောင်း၊ နေလည် 02:00 အချိန်တွင်ဘုန်းကြီး လမ်းမှ သန်လျင်မြို့သို့လည်းကောင်း လိုက်ပါ ပို့ဆောင် ပေးခဲ့သည် ဖြစ်ကြောင်းနှင့် အဆိုပါ လူမှုကူညီရေး အသင်းသည် အရေးပေါ် ကျန်းမာရေး ကိစ္စ ရပ်များ၊
အရေးပေါ် နာရေး ကိစ္စရပ်များ၊ မြှုပ်နှံမူ ကိစ္စ ရပ် များ ကို မြို့နယ်မရွေး၊ ဘာသာမရွေး အခမဲ့ ကူညီပေးမည် ဖြစ်ကြောင်း ငှင်းတို့၏ facebook page မှ သတင်းရရှိပါသည်။





စေတမန် လူမှုကူညီရေး အသင်းမှ ရေဘေးသင့်သူများကို မုန့်ကျွတ် အထုတ် (၅၁၀) လှူ

7.8.2016 ရက်နေ့ တွင် မန္တလေးမြို့ အခြေစိုက် စေတမန် လူမှုကူညီရေးအသင်းမှ အမရပူရမြို့နယ် ကြည်မြင်တိုင်ကျေးရွာအပါအဝင် ရေဘေးသင့် ရွာ(၅)ရွာအား ရွှေကျီးမုန့်ကြွပ်အထုတ်ရေ (၅၁၀)ထုတ် သွားရောက်လှုဒါန်းခဲ့ကြောင်း သိရသည်။
Source: စေတမန် လူမှုကူညီရေး အသင်း FB

Friday, 5 August 2016

မူဆယ်မြို့မှ (၆၈) ကြိမ်မြောက် သွေးအလှူရှင်

မူဆယ်မြို့မှ (၆၈) ကြိမ်မြောက် သွေးအလှူရှင် ဦးမောင်မောင်(ခ) ဟာဂျီ ဘာလူး
ဓါတ်ပုံ- မူဆယ်အစ္စလာမ်လူငယ် လူမှုကူညီရေးအသင်း FB




Wednesday, 3 August 2016

ရေဘေးသင့်သူတွေကို ဆူးလေဗလီ မိသားစုဝင်များရဲ့ ကူညီမှု

သြဂုတ် ၂ ၊ ၂၀၁၆
မန္တလေးတိုင်းဒေသကြီးတွင်းမှာ ဖြစ်ပေါ်နေတဲ့ ရေကြီးမှုကြောင့် အဆင်မပြေဖြစ်နေကြတဲ့ ပြည်သူများက လှူဒါန်းဖို့ ဆူးလေဗလီ မိသားစုဝင်များမှ ထမင်း/ဟင်းများ ချက်ပြုတ်နေပုံဖြစ်တာဖြစ်ပါတယ် ။

စကြာသာမှုနာမှု အသင်း မွတ်စလင်မ် ပရဟိတ လူငယ်များ အဖွဲ့မှ ရေဘေးသင့်သူများ အတွက် ထမင်းထုတ်များလှူဒါန်း

သြဂုတ်လ ၂ ရက်၊ ၂၀၁၆
မန္တလေးတိုင်းဒေသကြီးတွင်းမှာ ဖြစ်ပေါ်နေတဲ့ ရေကြီးမှုကြောင့် အဆင်မပြေဖြစ်နေကြတဲ့ ပြည်သူများကို စကြာသာမှုနာမှု အသင်း မွတ်စလင်မ် ပရဟိတ လူငယ်များအဖွဲ့မှ ဘုံးအိုးကျေးရွာအနီးတဝိုက်နဲ့ အမရပူရမြို့နယ် ရတနာ့ဂူနတ်နန်း အဝင်လမ်းတလျှောက် လူမျိုးဘာသာမခွဲခြားဘဲ ထမင်းထုတ်ဝေပေးခဲ့တယ်လို့ သိရပါတယ်။
အသင်းရဲ့ လှူဒါန်းမှုမှာ ပါဝင် လှူဒါန်းလိုသူ များ အောက်ပါ 096807869 သို့ ဖုန်းဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရပါတယ်။





Donation Group

Blog Archive