“ဒါကတော့ လူငယ်တွေအတွက်ကို အဓိကဖွင့်ထားတာဖြစ်တယ်။ ဒီတခေါက်ဖွင့်တဲ့ ရည်ရွယ်ချက်ကလည်း ၁၀ တန်းကျောင်းသားတွေ စာမေးပွဲဖြေနေတဲ့ အတွက် နောက်ကျပြီး ကျွန်တော်တို့ဖွင့်ရခြင်းဖြစ်တယ်။ ကျောင်းသားတွေ ဒီအခွင့်အရေးကို လက်မလွှတ်ဘဲနဲ့ လာတက်ပြီး ပညာခေတ်ကြီးမှာ ရင်ဘောင်တန်းပြီးတော့ လာတက်နိုင်ဖို့ လူမျိုးဘာသာ မရွေးကို ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်”လို့ ကျူလီယာမွတ်စလင်မ်သာသနာ့ရန်ပုံငွေအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးလှဌေးက Myanmar Muslim Media ကိုပြောပါတယ်။
အဆိုပါသင်တန်းများကို ၃ လ တစ်ကြိမ်ဖွင့်လှစ်မြဲဖြစ်ပြီး ယခု (၁၄)ကြိမ်မြောက်ပညာဒါနသင်တန်းတွေကိုတော့ မတ်လ ၂၁ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။
အဖွားများသုခရိပ်သာ ၊ အမှတ်(၁)၊ သုခလမ်း၊ ခ-ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့မှာ ဓါတ်ပုံ ၂ ပုံနှင့်အတူ မိမိတက်ရောက်လိုတဲ့သင်တန်းကို လာရောက်လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ ပညာဒါနသင်တန်းတွေမှာ တက်ရောက်ပြီးသူတွေကို သက်ဆိုင်ရာ ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်အောင်လည်းကြပ်မတ်သင်ကြားပေးတယ်လို့ သိရပါတယ်။
ကျူလီယာ မွတ်စလင်မ်သာသနာ့ရန်ပုံငွေအဖွဲ့ကနေ ကြီးမှူးပြီးတော့ မျက်စိခွဲစိတ်ဖို့လိုအပ်နေသူတွေကိုလည်း အခမဲ့ခွဲစိတ်ကုသပေးပြီး သောကြာနေ့တိုင်း နေ့လည် ၂ နာရီကစတင်ပြီး အဖွားများသုခရိပ်သာ ၊ မေတ္တာဆေးခန်းမှာမျက်စိဝေဒနာရှင်တွေအတွက် စမ်းသပ်ကုသမှုတွေကိုပုံမှန်ပြုလုပ်ပေးနေပါတယ်။
Myanmar Muslim Media