Saturday, 13 February 2016

ရှမ်းပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် ကျောက်မဲမြို့ခံ မွတ်စလင်မ်များ ကူညီလှူဒါန်း

တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့သို့ တိမ်းရှောင် ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်ပြည်သူများ အတွက် ကျောက်မဲမြို့မှ အစ္စလာမ် ဘာသာဝင်များမှ အလှူငွေနှင့် ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက် ကျောက်မဲမြို့ ဗလီ၌ သောကြာနေ့ ဝတ်မပြုခင်နှင့် ဝတ်ပြုချိန်တွင်း ကောက်ခံရရှိသည့် 
(၁) ငွေ ၃၁၇၇၀၀ ကျပ်၊
(၂)အဝတ်အထည်ဆာလာအိတ် - ၁၉အိတ်
(၃) ခရမ်းချဉ်သီး ၇ သေတ္တာ
(၄) အားလူး ၁အိတ်
(၅) ဆန် ၂ပိုင်းနှင့် ၁၀ပြည်
(၆) ဗလာစာအုပ် ၃ဒါဇင် တို့အား ကျောက်မဲမြို့အဆင့်မြင့်သက်ကြီး စောင့်ရှောက်ရေးစင်တာရှိ အလှူခံအဖွဲထံလှူဒါန်းခဲ့ပါကြောင်း သိရှိရပါတယ်။
source: Myat Thu Aung FB





0 comments:

Post a Comment

Donation Group

Blog Archive