Thursday, 18 February 2016

နမ့်ဆန်မြို့ မီဘေးသင့်သူများသို့ မန္တလေးမှ မွတ်စလင်များ သိန်း ၇၀၀ ကျော် လှူဒါန်း

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ မီးဘေးသင့်ပြည်သူများ အတွက် မန္တလေးမြို့ “အစ္စလာမ်ဘာသာ လူမှုရေးအဖွဲ့ မှ” ကျပ်သိန်း ၇၁၀ ကျော် လှူဒါန်းခဲ့သည်ဟု သိရသည်။
.
ဖေဖော်ဝါရီ ၁၆ ရက်နေ့ (ယနေ့)တွင် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး မီးဘေးသင့်ပြည်သူများ ပညာရေးအတွက် သိန်း ၃၀၊ ကျန်းမာရေး အတွက် သိန်း ၃၀၊ တစ်အိမ်ထောင်လျှင် ၂၂၅,၀၀၀ ကျပ်စီဖြင့် ငွေကျပ် (၆၅,၉၂၅,၀၀၀) စုစုပေါင်း လှူဒါန်းငွေ တန်ဖိုး ကျပ် (၇၁,၉၂၅,၀၀၀) ရှိခဲ့သည်။
.
ထို့ပြင် ငွေကျပ် သုံးသိန်း တန်ဖိုးရှိ ဆေးဖာ ၃ ဖာကိုလည်း မီးဘေးသင့်ပြည်သူများသို့ ပေးအပ်ခဲ့သည်။ မန္တလေးမြို့ အစ္စလာမ်ဘာသာ လူမှုရေးအဖွဲ့က ထိုကဲ့သို့ လှူဒါန်းနိုင်ရန် အတွက် ဗလီဝတ်ကျောင်းတော်များ၊ မွတ်စလင်အဖွဲ့အစည်းများက အလှူငွေ ကောက်ခံပေးခဲ့ခြင်းဖြစ်သည်။
http://www.m-mediagroup.com/news/52668


0 comments:

Post a Comment

Donation Group

Blog Archive