Friday, 19 February 2016

ပညာဒါန အိမ်တွင်းမှုသင်တန်းအား လူမျိုးဘာသာမရွေး သင်ကြားပေးမည်


ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆

ရန်ကုန်။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့ မ.မ.လ ဌာနချုပ် အမျိုးသမီးရေးရာ ကော်မတီမှ ဦးစီးပြီး ပညာဒါန အိမ်တွင်းမှုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပါတယ်။

အဆိုပါ ပညာဒါန အိမ်တွင်းမှုသင်တန်းတွင် Body shower (ရေချိုးဆပ်ပြာ)၊ Hair shampoo (ခေါင်းလျှော်ရည်)၊ Dish wash (ပန်းကန်ဆေးဆပ်ပြာ ) ထုတ်လုပ်နည်း သင်တန်းကို အိမ်တွင်းမှုစီးပွားရေး ပြုလုပ်နိုင်ရန်အတွက် သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရပါတယ်။

အဆိုပါသင်တန်းကို စိတ်ဝင်စားသူ မည်သူမဆို လူမျိုးဘာသာမရွေး တက်ရောက်နိုင်ကြောင်းလည်း သိရပါတယ်။

ယင်းသင်တန်းကို တစ်ရက်တည်း သင်ကြားပေးမှာ ဖြစ်ပြီးတော့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညနေ (၄) နာရီမှ (၆) နာရီထိ အမှတ် (၁၉၄/ ၁၉၆) ၄လွှာ၊ ဗိုလ်ဆွန်ပက်လမ်း၊ ပန်းဘဲတန်းမြို့နယ်ရှိ မ.မ.လ ဌာနချုပ် ရုံးခန်းတွင် သွားရောက် သင်ကြားနိုင်ပါတယ်။

0 comments:

Post a Comment

Donation Group

Blog Archive