အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာ ရှိ တိုက်နယ် ဆေးရုံတွင် အသုံးပြုနိုင်ရန် ရေဂါလံ စုစုပေါင်း ၂၄၀၀ ဆံ့ ရေစင်တစ်ခုနှင့် ရေစုပ်စက် တစ်လုံး တို့ကို MIYF Myanmar Islamic Youth Foundation မှ အသင်းသားများ ဦးစီးတည်ဆောက်ပေးခဲ့ပြီး ၇-၂-၂၀၁၆ နေ့တွင် သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားတွင် အိမ်မဲမြို့နယ် အုပ်ချုပ်ရေးမှုး ၊ မြို့နယ်ရဲတပ်ဖွဲ့မှုး နှင့် မြို့နယ်ဆရာဝန်များ ထံသို့ ရေစင်၊ရေစုပ်စက်နှင့် ဆက်စပ် ပစ္စည်းများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါတယ်။
လှူဒါန်းခဲ့သည့် ရေစင်၊ရေစုပ်စက်နှင့် ဆက်စပ် ပစ္စည်းများ စုစုပေါင်းတန်ဖိုးမှာ ၅,၂၀၀,၀၀၀ကျပ် (ကျပ်ငါးဆယ့်နှစ်သိန်း) ရှိကြောင်းသိရပါတယ်။
တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသော် လူနာများအပါအဝင် အိမ်မဲမြို့နယ်ရှိ သဲချောင်းကျေးရွာ ၊ မကျီးကုန်းကျေးရွာ နှင့် တံခွန်တိုင်ကျေးရွာတို့မှ ရွာသူ/ရွာသား ၁၆၀၀ ကျော်အား နေ့လည်စာ ထမင်းဟင်းတို့ကို ကိုယ်တိုင်ချက်ပြုတ် ကျွေးမွေး ဒါနပြုခဲ့ပါကြောင်း သိရှိရပါတယ်။
ဓါတ်ပုံ- MIYF FB
0 comments:
Post a Comment