Sunday, 7 February 2016

နမ့်ဆန် မီးဘေးသင့်သူများကို ကျောက်မဲမြို့မှ မွတ်စလင်များ သွားရောက်လှူဒါန်း

၎.၂.၂၀၁၆ ရက်နေ့တွင် ရှမ်ပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့တွင်မီးလောင်ကျွမ်း ခဲ့သောကြောင့် မီးဘေးသင့်ပြည်သူများအား အရေးပေါ်ကူညီနိုင်ရန်အတွက် ကျောက်မဲမြို့နေအစ္စလာမ်ဘာသာဝင်များမှ ၄င်းနေ့တွင် အရေးပေါ်အကူအညီများအဖြစ် အစားအသောက်များ|အဝတ်အထည်များအား နမ့်ဆန်မြို့သို့သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်းသိရသည်။
ယနေ့၆.၂.၂၀၁၆တွင် ကျောက်မဲမြို့ပေါ်ရှိ နမ့်ဆန်မြို့မီးဘေးသင့်ပြည်သူများအား ကူညီနိုင်ရေးအဖွဲ့ထံသို့
(၁)ငွေကျပ် (၅၀၀ ၀၀၀/)ငါးသိန်း
(၂)ဆန်အိတ် ၅ အိတ်
(၃)ပဲဆီသန့် ၁၂၀ လီတာ
(၄)ခေါက်ဆွဲခြောက်များနှင့် မုန့်ခြောက်များ
(၅)အဝတ်အထည် ဆာလာအိတ် ၂၀တို့အား
ကျောက်မဲမြို့နေ အစ္စလာမ်ဘာသာဝင်များကိုယ်စား ကျောက်မဲမြို့အစ္စလာမ် ဘာသာရေးအဖွဲ့ဥက္ကဌ ဒေါက်တာမြတ်သူအောင်နှင့်အဖွဲ့မှ သွားရောက်လှူဒါန်းခဲ့ပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။
Source: Myat Thu Aung FB




0 comments:

Post a Comment

Donation Group

Blog Archive