Thursday, 6 August 2015

ဘားအံက ရေဘေးသင့်သူတွေကို မြို့ခံ မွတ်စလင်မ်တွေ ဒုတိယအကြိမ် ကူညီလှူဒါန်း

သြဂုတ်-၂၊ ၂၀၁၅
via-M-Media

ဘားအံမြို့နဲ့ ပတ်ဝန်းကျင်ရှိ အခြားမြို့နယ်များတွေမှာ ရေလွှမ်းမိုးမှုဒဏ် ခံစားနေရတဲ့ ပြည်သူတွေ အတွက် မြို့ပေါ်မှာ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်း ၈ ခုကို ဘားအံမြို့မှ အစ္စလာမ်ဘာသာဝင်များ စုပေါင်းပြီး သြဂုတ်လ-၁ ရက်နေ့မှာ ဒုတိယအကြိမ်မြောက် လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။

ယင်းသို့ လှူဒါန်းရာတွင် စခန်း(၈)ခုသို့ စုစုပေါင်း ဆန် ၇၅ အိတ် နှင့် မားမားခေါက်ဆွဲခြောက် ပါကင် ၁၀၀ ကျော် လှူဒါန်းခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။

ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်ကူညီမှုများ ပေးအပ်နိုင်ရေး ထောက်ပံ့ လှူဒါန်းကြဖို့ ပြည်တွင်းမှာရှိတဲ့ ဗလီဝတ်ကျောင်းတော် ရှေ့ဆောင် အီမာမ်တွေကလည်း ပြီးခဲ့တဲ့ သောကြာဒေသနာမှာ ထည့်သွင်း တိုက်တွန်းနှိုးဆော်ခဲ့ကြပါတယ်။

ဓါတ်ပုံ- မင်းခန့်










0 comments:

Post a Comment

Donation Group

Blog Archive