Saturday, 8 August 2015
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး ရေဘေးသင့်ပြည်သူများ ကို ပံ့ပိုးကူညီ
ရန်ကုန် သြဂုတ် ၇
မြန်မာနိုင်ငံအတွင်း ရေကြီး၊ ရေလျှံဖြစ်ပေါ်နေသည့် ဒေသများရှိ ရေဘေးသင့်ပြည် သူများကို အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးက ထောက်ပံ့ ကူညီရေးအတွက် ဆွေးနွေးပွဲကို သြဂုတ် ၁ ရက် ညနေ ၄ နာရီက ရန်ကုန်မြို့ အစ္စလာမ်ကောင်စီ ဌာန ချုပ်၌ ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ''လတ်တလော ရေဘေးသင့်ပြည်သူ များအတွက် ငွေကျပ်အပါဝင် အစား အသောက်၊ အဝတ်အထည်နှင့် ဆေးဝါးများလှူဒါန်းနိုင် ရန်အတွက် လူမျိုးဘာသာမခွဲခြားဘဲ ရေဘေးသင့် ပြည်သူများအားလုံးကို လှူဒါန်းသွား မည်ဖြစ်ကြောင်း''ဟု လုပ်ငန်းရှင် ဦးကိုကိုလတ်က ပြောသည်။ အစည်း အဝေးတွင် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၏ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုအဖွဲ့ အစည်းများ၊ တက္ကသိုလ် ကျောင်းသား လူငယ်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရေဘေး သင့်ပြည်သူများ ပံ့ပိုးကူညီရေး ကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ် ခဲ့သည်။ လတ်တလောဖြစ်ပွားခဲ့သည့် ဒေသအချို့တွင် ကူညီပေးနိုင်ရန် အတွက် ရေဘေးသင့်ပြည်သူများ ပံ့ပိုးကူညီရေးကော်မတီက ဦးဆောင် ပြီး ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့ နယ်သို့ သွားရောက်လှူဒါန်းနိုင်ခဲ့ သည်။ ဒုတိယခရီးစဉ် ကို သြဂုတ် ၅ ရက်တွင် ပဲခူးတိုင်းဒေသကြီးအနောက် ခြမ်းဒေသရှိ မြို့များ၊ ခရီးစဉ်နှင့် မကွေးတိုင်းဒေသကြီး ပွင့်ဖြူခရီးစဉ် တို့ကို လှူဒါန်းနိုင်ရန် ထွက်ခွာခဲ့သည်။
ချင်းပြည်နယ် ကလေးမြို့နှင့် ရခိုင်ပြည်နယ်ဒေသများသို့ စင်းလုံး ငှားကုန်တင် လေယာဉ်များငှားရမ်း ပြီး အမြန်ဆုံးလှူဒါန်းနိုင်ရန် စီစဉ် လျက်ရှိကြောင်း၊ အလှူရှင်များ ဆက် သွယ်လှူဒါန်းနိုင်ရန် အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးရုံးနှင့် ဘာသာ ရေးအဖွဲ့ ငါးဖွဲ့ရုံးများသို့ ဆက်သွယ် လှူဒါန်းနိုင်ကြပါရန် ဖိတ်ခေါ်ထား ကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန ဝဘ်ဆိုဒ်၊
မြန်မာအလင်းသတင်းစာ (၈၊၈၊၂၀၁၅) စာ-၁၈
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment