Thursday, 6 August 2015
MMAID : ပန်းတောင်းမြို့ ရေဘေးသင့်ပြည်သူများကို ဆန်အိတ် ၂၈၂ အိတ်လှူဒါန်း
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှရေဘေးသင့်မြို့နယ်များသို့သွားရောက်လှူဒါန်းလျက်ရှိ ရာ ရေဘေးသင့်ပြည်သူများကူညီထောက်ပံ့ရေးကော်မီတီမှ ဝေငှရေး ဆပ်ကော်မီတီအဖွဲ့( ၁ )သည် ယနေ့ နေ့လည်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ သဒ္ဓမ္မ၀ံသပေါင်းတည်ကျောင်းတိုက်မှ သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဦးဇာဂရာဘိဝံသ ထံသို့ ဆန်အိတ်( ၁၈) အိတ်လှူဒါန်းခဲ့ပြီး၊ ပန်းတောင်းမြို့နယ် အတွင်းရှိရေဘေးသင့်ပြည်သူများထံသို့ ဆန်အိတ် (၂၈၂)အိတ်ကိုလည်းပေးအပ် လှူဒါန်းခဲ့ပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment