Thursday, 6 August 2015

မန္တလေးအိုလမာအဖွဲ့ ရဲ့ မကွေးတိုင်းအတွင်းမှ ရေဘေးသင့်ပြည်သူများအား သိန်း ၂၀၀ ကျော် လှူဒါန်းမှု

သြဂုတ် ၅ ၊ ၂၀၁၅

အိုလမာ အစ္စလာမ်သာသနာ့ပညာရှင် အဖွဲ့ခွဲ ပညာရေးနှင့် လူမှုရေးအကျိုးဆောင် ကော်မတီ မန္တလေးတိုင်းဒေသကြီး မှကြီးမှုး၍ မကွေးတိုင်း ဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအား ဆန် /ရေသန့် /ခေါက်ဆွဲခြောက် /မုန့်ကြွပ် လက်ဖက် /ငါးခြောက်ကျော် /ငါးသေတ္တာ /ဆန်အိတ် အဝတ်အထည် (ကျားမဝတ် )ဘိနပ် မျိုးစုံ ငွေ တို့ကိုယနေ့ နံနံက်တွင် ဥက္ကဋ္ဌ အလ်ဟဂ်ျမောင်လာနာအီဗရာဟင် ခန်းဆပ် /အလ်ဟဂ်ျဦးမြင့်သိန်း (ရွေမြိုင် )တို့နှင့်အဖွဲ့ ဝင်များက ကိုယ်တိုင်ကိုယ်ကျ မကွေးမြို့ /မင်းဘူး စကုမြို့ /ပွင့်ဖြူမြို့များသို့သွားရောက်လှုဒါန်း ခဲ့ကြပါသည်။

ထိုသို့လှုဒါန်းရာတွင်လူမျိုးဘာသာမရွေး ဆင်းရဲ ချမ်းသာမရွေး အောက်ပါရေဘေးသင့် ကယ်ဆယ်ရေး စခန်းများတွင်လှုဒါန်းခဲ့ပါသည်။

၁ ဆရာတော်နန္ဒမာလာ လယ်ကိုင်းရွာ ပွင့်ဖြူမြို့နယ်
၂ ဆရာတော်ဦးသြဘာသ လှရတနာကျောင်းတိုက် လယ်လှကုန်းကျောင်တိုက် ပွင့်ဖြူမြို့နယ်။
၃ ဆရာတော်ဦးယာဂရ ရွာသာယာကျေးရွာ ပွင့်ဖြူမြို့
၎ ဆရာတော်ဦးပဏိတ္ဆ ဓမ္မရတနာကျောင်းတိုက် ကံသာကြီး ပွင့်ဖြူမြို့နယ်။
၅ အထက ကန်သာကြီးရွာ ပွင့်ဖြူမြို့နယ်။
၆ ဦးသိန်းထွန်း မိုးကုတ်ရိပ်သာ ၃၃၄ ရိပ်သာကျောင်း၊ စံပြကျေးရွာ ပွင့်ဖြူမြို့နယ်။
၇ ဆရာတော်ဦးကောဝိဒ သာသနာ့ဝေပုလ္လာရာမ ကျောင်း။စံပြရွာ ။ပွင့်ဖြူမြို့နယ်။
၈ မြို့မ ဂျာမေဗလီ ပွင့်ဖြူမြို့။ တို့တွင်ငွေသား စုစုပေါင်းသိန်းပေါင်း (ရှစ်ဆယ် ၈ဝဝဝဝဝဝ )/ကျော် နှင့်စာသောက်ကုန် လူသုံးကုန် အဝတ်အထည် များခန့်မှန်းတန်ဘိုး (သိန်းနှစ်ရာ)ကျော်ဘိုးလှုဒါန်းခဲ့ ပါသည်။

၎င်းအလှုငွေများကိုရန်ကုန် /မန္တလေး ကျောက်ဆည် နှင့်အခြားမြို့များမှအလှုရှင်တို့ကလှုဒါန်းခဲ့ကြပါသည်။

ဓါတ်ပုံ နှင့် သတင်း -BL Thura Aung FB







0 comments:

Post a Comment

Donation Group

Blog Archive