Sunday, 9 August 2015

မြန်မာမွတ်စလင်မ် အသင်း(မလေးရှား) မှ ဦးဆောင်ကောက်ခံတဲ့ ငွေကျပ် ၇၅ သိန်းကျော် ရေဘေးကူဖို့ ပထမအကြိမ် လှူဒါန်း


မြန်မာနိုင်ငံတွင်းက ရေဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့ဖို့ မြန်မာမွတ်စလင်မ် အသင်း(မလေးရှား)မှ အလှူငွေများ ကောက်ခံခဲ့ရာ မလေးရှားရောက် မြန်မာနိုင်ငံသားများမှ သြဂုတ်လ (၁) ရက်နေ့မှ (၅) ရက်နေ့အထိ အလှူငွေ (စုစုပေါင်း RM ၂၃၉၀၅)  ရရှိခဲ့ပြီး မြန်မာငွေ ပမာဏ(၇၅၅၄၀၀၀ ကျပ် (ခုနှစ်ဆယ့်ငါးသိန်းငါးသောင်းလေးထောင်)) ကို  မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၏ ရေဘေးသင့်ပြည်သူများ ပံ့ပိုးကူညီရေး ကော်မတီသို့  ဆက်သွယ်ပြီး ပေးပို့လှူဒါန်းခဲ့ကြောင်း မြန်မာမွတ်စလင်မ် အသင်း(မလေးရှား)ရဲ့ တရားဝင် FB စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အလှူငွေများကို ဆက်လက် ကောက်ခံလျက်ရှိပြီး ထပ်မံ ကောက်ခံရှိငွေများကို ဒုတိယအကြိမ် ထပ်မံ၍ ပေးပို့လှူဒါန်းသွားမည်လို့ ရေးသားဖော်ပြထားပါတယ်။

ref:https://www.facebook.com/MyanmarMuslimAssociationMalaysia


0 comments:

Post a Comment

Donation Group

Blog Archive