Thursday, 6 August 2015
အစ္စလာမ် ဘာသာရေး အဖွဲ့ ကြီးမှ ပွင့်ဖြူမြို့ မှ ရေဘေးသင့်ပြည်သူများ အတွက် လှူဒါန်း
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ ကြီး ရေဘေးသင့်ကူညီများ ပံ့ပိုးကူညီရေး ကော်မီတီမှမကွေးတိုင်း မင်းဘူးခရိုင်ပွင်ဖြူမြို့ နယ်အတွင်းရှိရေဘေးဒုက္ခခံစားနေရသောပြည်သူများနှင့် ရေဘေးသင့်ဘုန်တော်ကြီးကျောင်းများ အတွက်ထောက်ပံ့ကူညီရေးပစ္စည်းများအား ယနေ့ သြဂုတ်လ ၈ရက်နေ့တွင် သွားရောက် လှူဒါန်းခဲ့ပါသည်။
ပွင့်ဖြူမြို့ နယ် သံဃာ့မဟာနာယက ဥက္ကဋ္ဌ ဆရာတော်ဦးပါမောက္ခ ၊ ဗလီ ဂေါပကအဖွဲ့  ဥက္ကဌ ဦးစိန်လွင် ၊ မကွေးတိုင်း သာသနာရေးညွန်မှူးဦးသန်းထွန်း ၊ ဒုညွန်မှူးဦးသန်းစိုးနှင့် မင်းဘူးခရိုင်သာသနာရေးမှူးဦကျော်ဆွေ တို့ အားမြန်မာနိုင်ငံလုံးဆိုင်ရာ ဘာသာရေးအဖွဲကြီး ရေဘေးသင့်ပြည်သူများ ပံ့ပိုးကူညီရေးကော်မတီ မှတာဝန်ရှိသူများက ပွင့်ဖြူမြို့ ဂုဏဝတီကျောင်းတိုက်တွင်ပေးအပ်လှူဒါန်းခဲ့ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာဘာသာရေအဖွဲ့ ကြီးမှတာဝန်ရှိသူများနှင့် ကူညီထောက်ပံ့ရေးအဖွဲ့ သည် ပွင့်ဖြူမြို့ ပေါ်ရှိရပ်ကွက်ကြီး ၄ ခုအပါအဝင် ကျေးရွာပေါင်း ၂၀၅ ရွာရှိပြည်သူတို့ အားကူညီထောက်ပံ့ပေးအပ်ခဲ့ပါသည် ။
ပွင့်ဖြူမြို့ နယ်အတွင်းရှိရေဘေးသင့်ပြည်သူများအားလုံး လူမျိုးဘာသာ မခွဲခြားဘဲ အညီအမျှရရှိနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါသည် ။
အလှူပစ္စည်းစာရင်း
ဆန်အိတ် 50kg - 351 အိတ်
ခေါက်ဆွဲခြောက် အထုပ်ရေ ၄၅၀၀၀
အဝတ်အထည်မျိုးစုံ ၇၀ ပါကင်ကျော်
ရေသန့်ဘူး ၅၀၀၀ ဗူး
မုန်ကျွတ် ၅ ပုံး တို့ အားပေးအပ်လှူဒါန်းခဲ့ပါသည်။
via-MMAID
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment